အပိုင်း ၇

627 50 11
                                    

မျက်နှာတစ်ခုလုံး ရဲကာ စတော်ဘယ်ရီလုံးလေးလို ဖြစ်နေတဲ့ ကြင်ယာတော် ကင်မ်ကိုကြည့်ပြီး များစွာသဘောကျမိသည် ။

ကြင်ယာတော်ကင်မ်က အရမ်းလှသည် .. စ‌တွေ့ကတည်းက ခံစားချက် တစ်မျိုးတမည်ဖြစ်စေသည် ။ ရင်းနှီးနေတယ်လို့လဲ ခံစားရသည် ။ ကိုယ်တော့်ရဲ့ခံစားချက်တွေကို လှည့်စားနိုင်နေတာ ကြင်ယာတော်ကင်မ် ကိုယ်တိုင်ပဲ ။

တိုင်းပြည်ရေးရာ သိရအောင် ရုပ်ဖျက်ပြီး ဈေးထဲလှည့်လှည်ကြည့်ရင်း ကြင်ယာတော်ကင်မ်က သကြားရည်ကျိုမုန့်လေး ဝယ်နေခဲ့သည် ။ ပြီးတော့ လေးထောင့်ဆန်အပြုံးလေးတောင် ပြုံးပြသေးတယ် ။ မဆီမဆိုင် မကျေနပ်လိုက်တာ .. ကြင်ယာတော် ကင်မ်မှန်းအစက မသိခဲ့ပေ ။

ကြင်ယာတော်ကင်မ်အား အဝေးကနေကြည့်နေရင်း မြင်းတစ်ကောင်က ဦးတည်နေတာကြောင့် ကယ်လိုက်ရသေးသည် ။ အဲ့သေးသေးလေးက နူးညံ့နေတဲ့အပြင် ပန်းရနံ့ကိုယ်သင်းရနံ့လေးက ရင်ကို တုန်လှုပ်စေသည် ။

စစ်တိုက်ထွက်ပြီးလူသတ်ဖြတ်ရင်တောင် ရင်မတုန်တဲ့ကိုယ်တော်က ကြင်ယာတော်လေးကို ဖက်လိုက်မိတာနဲ့သူ့ရဲ့ကိုယ်သင်းရနံ့ကြောင့် ရင်တုန်ခဲ့တယ်တဲ့လေ ။

အခုလည်း ကြင်ယာတော်က မတော်တဆ သူ့ရဲ့ပါးလေးကို နမ်းမိသွားခဲ့တာ .. နူးညံ့လွန်းတဲ့ နှုတ်ခမ်းလေးက သိပ်ကို ရင်ခုန်လွန်းစရာပင် .. ထူးဆန်းတာက အလွန်ပင် ရင်းနှီးနေတယ်လို့ခံစားနေရသည် ။

" ဟို .. တောင်းပန်ပါတယ် အရှင် "

"ရပါတယ် ကိုယ်တော် သဘောကျပါတယ် "

"ဗျာ.. ဟို .. ကျွန်တော်မျိုး နန်းဆောင်ပြန်လိုက်ပါဦးမယ် "

" နေ့လည်ကျမှ ပြန်တွေ့ကြတာပေါ့ သွားပါ "

"ဟုတ်ကဲ့ "

လုံးလုံးလေးပြေးထွက်သွားတဲ့ ကြင်ယာတော်ကင်မ်က သိပ်ချစ်ဖို့ကောင်းသည် ။

"ကိုယ်တော်ကတော့ မင်းကို မေတ္တာသက်ဝင်တော့မယ်ထင်ပါရဲ့ ..မင်းကို အပိုင်သိမ်းချင်လိုက်တာ "

ထယ်ယောင်းရှက်ရှက်နဲ့ပင် အရှင်နန်းဆောင်ကနေ ပြေးထွက်လာခဲ့သည် ။ ယီနဲ့ ယုကိုတောင် မေ့လျက် .. ယီနဲ့ယုမှာလည်း သူတို့ ကြင်ယာတော်ကို မြင်၍ အမှီလိုက်ခဲ့ရသေးသည် ။

~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ Where stories live. Discover now