စစ်ဆေးစရာတွေရှိ၍ ပေးပို့လာသော စာလွှာတွေကို ဖတ်ရှု့နေတဲ့ အရှင်မင်းကြီး ဂျွန်ဂျောင်ဂု ။ ရှည်နေသော ဆံကေသာကို ချထားက နှာဖူးထပ်တွင် အနီရောင်နဂါး ဘုရင့်တံဆိပ်ခေါင်းပတ်အား ပတ်ထားသည် ။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ရုတ်တရက် 'ဘုတ် 'ဆိုတဲ့ အသံကြားတာကြောင့် နားစွံ့မိသွားသည် ။
နန်းဆောင်အနောက်ဘက်ကနေ 'တစ်တစ်တစ် 'ကြားတာမို့ ဓားကို ဆွဲထုတ်လိုက်ကာ သွားကြည့်လိုက်သည် ။ ဝါးခနဲထွက်လာတဲ့ အမဲရောင်လူရိပ် ပြီးမှ ထိုလူက ခေါင်းစွပ်ကို ဖယ်ချလိုက်သည် ။
"မင်ယွန်းဂီ "
"သိပ်လန့်သွားတာလား ဟက် "
" မလန့်ပါဘူး ရုတ်တရက်ကြီး ရန်သူများလားပေါ့ ထိုင်ပါဦး "
ရောက်လာသူက အခြားမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းအရင်းခေါက်ခေါက် ..ကိုယ်တိုင်လွှတ်ထားသော စစ်သူကြီးပင်ဖြစ်သည် ။
" အခြေအနေ "
"မင်းပြောတဲ့အတိုင်း စောင့်ကြည့်ထားတယ် .. အကုန်လုံးတော့ ပုံမှန်လိုပါပဲ "
"အင်း ညကြီးရောက်လာတာက "
" မင်းများ ကြင်ယာတော်တွေနဲ့ အိပ်နေလားဆိုပြီး လာချောင်းတာ "
ယွန်းဂီစကားကြောင့် အရှင်ဂျွန်က ဓားကို ထုတ်ပြလိုက်သည် ။ သေသွားမယ်ပေါ့
" အစ်ကိုတော်ရော "
"အိပ်နေတယ် အဲ့တာကြောင့် ခိုးထွက်လာတာ "
မင်ယွန်းဂီ တစ်နည်းအားဖြင့် သူ့ယောက်ဖတစ်ဝမ်းကွဲပင် ။ အစ်ကိုဝမ်းကွဲဖြစ်သူ ပတ်ခ်ဂျီမင်အား မေတ္တာသက်ဝင်နေ၍ တိတ်တဆိတ် သူကိုယ်တိုင် လက်ထက်ပေးထားခြင်းဖြစ်သည်။
" တစ်ခွက်နစ်ခွက်လောက်သောက်ကြမလား မင်းကြီး "
"ကောင်းတာပေါ့ကွာ "
ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောရင်း သေရည်လေးသာက်ရင်း ညတာ ကုန်ဆုံးသွားခဲ့ခြင်းပေ ။
ဤအဖြစ်အပျက်ကို တွေ့ရှိလိုက်ရသော ပုကျိလေးခင်ဗျာ သူ့Hostအတွက် များစွာ စိတ်မကောင်းဖြစ်သွားရသည် ။ သူ့hostက အများကြီး စိုးရိမ်နေတာ မဟုတ်လား အခုတော့ အရှင်ဂျွန်က သေရည်တောင် သောက်နေသေးသည် ။

YOU ARE READING
~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ
Fanficအိုးခိုင်မော့ ငါလေး နန်းတွင်းကိုရောက်နေတာလား {Host ဒီစကားပြောတာ အခါဆယ်ကြိမ်ရှိပါပြီ } တိတ်စမ်း အမယ်ကင်မ်ထယ်လေး ကချောလိုက်တာ * ဒီhostနဲ့ရူးချင်တယ် * ကဲTaekook system ficလေးရေးချင်လွန်းလို့ရေးလိုက်ပြီကိုယ်ကကျွမ်းတော့မကျွမ်းဘူး သည်းခံဖတ်ပေးပါ။အမှားပါ...