အပိုင်း ၆

678 59 13
                                    

ပုကျိ ထယ်ယောင်းနဲ့ အတူနေနေတုန်း မင်းကြီး ဂျွန်ကို တွေ့လိုက်ရ၍ လန့်သွားသည် ။ host နဲ့လိုင်းပြတ်သွားတဲ့အပြင် တစ်နေရာရာစီသို့ စုပ်ယူသလို ခံစားလိုက်ရသည်။

Space ထဲရောက်သွားသော ပုကျိ .. အမှန်က သူက System 7 ဖြစ်သည် ။ System လောကမှာ ဒါရိုက်တာချုပ်ပင် ။ တာဝန်ထမ်းဆောင်နေတာ အလွန်ပင် ကြာနေလေပြီ ။ ရာထူးကြီးတဲ့သူ့လိုလူကို အလုပ်သင်ဆင်းခိုင်းကတည်းက အထက်လူကြီးကို မကြည်နေပေ ။

ရုတ်တရက်အရှေ့မှာ ပေါ်လာတဲ့ System လောကရဲ့ သခင် ..

"ဆရာ "

" အင်း 7 မင်းတွေ့လိုက်တယ်ထင်တယ် "

"ဆရာ ဂျွန်က ဘယ် ဘယ်လိုဖြစ်လို့ "

ခနက မင်းကြီးဂျွန်က ဆရာရဲ့ သူငယ်ချင်းပင် ဖြစ်သည် ။ ဘာလို့ system ထဲရောက်နေရတာလဲ ။

"7 ငါတို့အပေးအယူလုပ်ရအောင် "

" ကျွန်တော့်ကို သေချာရှင်းပြပေးပါ ဆရာ .. ကျွန်တော်နားမလည်တာက ဆရာကျွန်တော့်ကို ‌မကျေနပ်လို့များ ရာထူးချလိုက်တာလား ကျွန်တော့်လို အပြစ်မရှိတဲ့ ဒါရိုက်တာချုပ်တစ်ယောက်ကိုလေ !! "

"ဟေးဟေး 7 အဲ့လို မဟုတ်ဘူး ဟူး ငါပြောပြမယ် ဒါပေမယ့် အရင်တောင်းဆိုတာကို ပြောမယ် "

"ဟုတ် ဆရာ ကျွန်တော် တာဝန်ထမ်းဆောင်လာတာ ၁၈နစ်ရှိပါတော့မယ်  ကျွန်တော်လို ၁၈နစ်သားလေးကို ..."

"ဟေး ဒရမ်မာ ခင်းမနေနဲ့ "

"ဟုတ် "

" ဒီကိစ္စကို ထယ်ယောင်းကို လုံးဝပြန်မပြောနဲ့ ပုံစံ လုပ်နေကြအတိုင်းလုပ် .. ထယ်ယောင်းကို ကာကွယ်ပေး .. ဖြတ်မနေနဲ့ !! ငါပြောတာနားထောင် "

ဖြတ်ပြောမလို လုပ်နေတဲ့ 7 (seven ) လေးမှာ ငြိမ်ကျသွားလေသည် ။ ဆရာက အားကြီးပဲ

" ဒါက နည်းနည်းတော့ရှုပ်တယ် .. အခုရောက်နေတာက ပုံရိပ်ယောင်ဆိုပေမယ့် တစ်ကယ့် သမိုင်းကြောင်းထဲကို ဝင်ထားတာ .. "

"ဟင် .. "

"ဒီလို .. ‌ဂျောင်ဂုရော ထယ်ယောင်းရော ဒီထဲမှာ ပါတဲ့လူတွေအကုန်က တစ်ကယ်ရှိခဲ့တဲ့လူတွေ .. ဒါက တစ်ကယ့်ဖြစ်ရပ်ကို ယူထားဖန်တီးထားတာ .. လွန်ခဲ့တဲ့ နစ်ပေါင်းများစွာက အဖြစ်အပျက် ။ ဂျောင်ဂုက ဘုရင် . ထယ်ယောင်းက ကြင်ယာတော် .. ဂျောင်ဂုနဲ့ ထယ်ယောင်းက သိပ်ချစ်တာ ဒါကို မကျေနပ်တဲ့သူတွေလက်ချက်ကြောင့် ထယ်ယောင်းရဲ့ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတယ် ထယ်ယောင်းကတော့ ကံကောင်းစွာ မသေခဲ့ဘူး။ ဒါပေမယ့် ရင်သွေးဆုံးရှုံးထားတဲ့ ထယ်ယောင်းက ရူးမတတ်ဘဲ ဂျောင်ဂုကလည်း ရူးမတတ်ပဲပေါ့ ။

~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ Where stories live. Discover now