စစ်မှန်တဲ့ သူငယ်ချင်း သံယောဇဉ်ကြိုးကြောင့်လားတော့မသိ ဂျီမင်နီးက ထယ်ယောင်းကို အရမ်းခင်တွယ်နေတာ ။ အသက်အားဖြင့် ၈နစ်ကျော်တောင်ကွာတာကိုလည်း ဂရုမစိုက် သူငယ်ချင်းလိုပင် ခနလေးနဲ့ အရမ်းခင်မင်သွားသည် ။ ပြီးတော့ ဂျီမင်းနီး လို့ပဲ ခေါ်ခိုင်းတယ် ။
ထယ်ယောင်းအိပ်ယာထက် လှဲလိုက် ထိုင်လိုက် အိပ်လိုက်နဲ့ အလုပ်ရှုပ်နေလျက် ။
"ပုကျိ ထူးဆန်းတယ်နော် "
" ဘာကိုတုန်း "
" ဂျီမင်းနီးနဲ့ကိုလေ အရင်ကလိုပဲ ခံစားရတယ် လူသစ်တစ်ယောက်လို့ လုံးဝမခံစားရဘူး "
"Host တို့က တစ်ကယ့်ကို Soulmate မို့ ဘယ်နေရာ ရောက်ရောက် Soulmate ဖြစ်နေတာနေမှာပေါ့ "
"ဖြစ်နိုင်တယ်နော် ဒါနဲ့ Pointဘယ်လောက်ရပြီလဲ "
"Point 70 ရထားပါပြီ "
" စာအုပ်တစ်အုပ်လောက် ရီကောမန့်ကောင်းကောင်းလေးရှာထားပေး point ပြည့်ရင် ဝယ်မယ် "
" အိုကေပါ "
"ဟေး အရိုပဲနော် Seme ဇာတ်နာတာ ၊ Uke ဇာတ်နာတာမလိုချင်ဘူး "
"Oki Fanfiction ထဲရလား "
"ရတယ် ဘာနေနေအကုန်ဖတ်တယ် "
"အိုကေပါ "
" ပျင်းလွန်းလို့ သေတော့မှာပဲ "
ထယ်ယောင်းမှာ ထိုင်ပြီး ဆံပင်အရှည်ကြီးတွေကို လိမ်ဖယ်ကြီး ကျစ်ချင်သလို ကျစ်နေလျက် ။
" ကြင်ယာတော်ကင်မ်ရှင့် မင်းကြီးဂျွန် ကြွချီလာပါတယ် "
"ဘယ်လို "
အခန်းဝက ယီ ရဲ့အသံကြောင့် ထယ်ယောင်း ကုတင်ပေါ်ထိုင်နေရာကနေ ချက်ချင်းပင် အောက်ဆင်းလိုက်သည် ။ ဘာလို့ အရှင်က မပြောမဆိုနဲ့တုန်း ။ မကြာပါဘူး နဂါးဝတ်ရုံအနီရောင်နဲ့ အရှင်က ခပ်တည်တည်ကြီးနှင့် ဝင်လာလျက် ။
" အရှင့်ကို ဂါရဝ ပြုပါတယ် "
"မလိုပါဘူး ကြင်ယာတော်ကင်မ် အဆင်ပြေရဲ့လား ဒီတစ်လော ကိုယ်တော့်ဆီ မလာလို့လေ "
" ပြေကြောင်းပါ အရှင်.. အရှင်အလုပ်များနေမယ်ထင်လို့ မလာတာပါ "
![](https://img.wattpad.com/cover/282900867-288-k515250.jpg)
YOU ARE READING
~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ
Fiksi Penggemarအိုးခိုင်မော့ ငါလေး နန်းတွင်းကိုရောက်နေတာလား {Host ဒီစကားပြောတာ အခါဆယ်ကြိမ်ရှိပါပြီ } တိတ်စမ်း အမယ်ကင်မ်ထယ်လေး ကချောလိုက်တာ * ဒီhostနဲ့ရူးချင်တယ် * ကဲTaekook system ficလေးရေးချင်လွန်းလို့ရေးလိုက်ပြီကိုယ်ကကျွမ်းတော့မကျွမ်းဘူး သည်းခံဖတ်ပေးပါ။အမှားပါ...