အပိုင်း ၄

790 73 11
                                    

ထယ်ယောင်းမနက်နိုးထလာတော့ နူးညံ့တဲ့ အိပ်ယာပေါ်မှာကြောင့် ကြည်နူးလျက် ပြန်၍ မှေးနေလေသည် ။

"ပြန်အိပ်မနေနဲ့ Host ထတော့ "

"နိုးနိုး အိပ်ဦးမှာ "

"အော် အိပ်လေ အိပ် အိပ်ပေါ့ သူများထက် နောက်ကျချင်ရင်အိပ် "

"အိပ်မှာ အိပ်ဦးမှာ  ! "

ပုကျိမှာ သူ့host ကိုမခံချင်အောင်ပြောပါသော်လည်း hostမှာ ပြုံးပြုံးကြီးနဲ့ ပြန်၍ အိပ်နေတာကြောင့် ပုကျိ စိတ်ဆိုးမိသွားသည် ။

*ငါ့မှာသာ ခြေတွေလက်တွေရှိရင် ဒီHost ကို စောင့်ကန်ပြီးပြီ

( Host !!!!!!!!!!!!!!!!!!!!!!!!!! )

စိတ်ချင်းဆက်သွယ်နေတဲ့နေရာကနေ အကျယ်ကြီး အော်လိုက်တာကြောင့် ထယ်ယောင်း လန့်သွားကာ ငုတ်တုတ်ထိုင်လိုက်သည် ။

(ဒီဖေ ! လန့်တယ် မင်းအဖိုးအေပဲ )

*ရုပ်ကလေးနဲ့မှာမလိုက်ဆဲတတ်လိုက်တာ *

"Host ကိုပြောစရာရှိတာဟာကို hostက အိပ်မှာဆိုလိူ့လေ "

"ပြောကွာ ပုကျိ ပြောပြော "

ထယ်ယောင်းသူ့ဆံပင်ကို ထိုးဖွသော်လည်း ဆံပင်က အရှည်ကြီးဖြစ်နေတာကြောင့် ထိုးဖွ၍မကောင်းပေ ။

(ချီး ! ဆံပင်ညှပ်ပစ်ဦးမယ် )

"Host !!! ကျွန်တော့်ကို အာရုံစိုက် "

"အေးးး ပြော..ပြော "

"သေချာနားထောင်နော် ! "

"အွန်းးးး "

"နေ့လည်ကြရင် Jeon မင်းကြီးဆီ ကြင်ယာတော် ဆက်သတဲ့ လူတွေအကုန် နန်းတော်ကို သွားရမှာ ။ အဲ့တာကို ဘယ်သူမှမသိသေးဘူးဆိုပေ ကျန်တဲ့သူတွေအကုန်သိတယ် Host တို့ အိမ်တော်ပဲ မသိသေးတာ ။ Host တို့အိမ်တော်က သွားခါနီး ၅မိနစ်လောက်နေမှ သိမှာ  ။ အဲ့တာ တမင်သက်သက်လုပ်တာ ။ အဲ့တော့ Host က မပြင်မဆင်မလှမပကြီးနဲ့ သွားရလိမ့်မယ် ။ ဆိုတော့ နောက်မကျချင်ဘူးမလား အခုက ဘယ်သူမှမသိသေးဘူး Hostပဲသိသေးတာ "

"အော .. ပုကျိမင်းကရော ဘယ်လိုသိတာလား "

"System လေဗျာ ပြီးတော့ အချက်အလက်နည်းနည်းရထားတယ် မနက်က "

~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ Where stories live. Discover now