𝑪𝒉𝒂𝒑𝒕𝒆𝒓 4

73 8 5
                                    

"လာနောက်နေတာလား"

"မနောက်ပါဘူး"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မပြုံးမရယ်ပြောကြပြီးနောက် ဟုန်းဆွန်းဟန်ကပဲ မျက်နှာလွဲလိုက်ရသည်။

"မနောက်ရင် ရူးနေလို့ပဲ နေမယ် ဘာကိစ္စ အဲလူကို လိုက်ရမှာလဲ"

"အစ်ကိုက အဲအစ်မဘာလုပ်လုပ် အပြစ်မမြင်ဘူးလို့ ပြောပြီးပြီလေ အဲတာမို့ အဲအစ်မနဲ့ချစ်သူဖြစ်အောင်လုပ်ပြီး စိတ်နာအောင်လုပ်မယ်ဆိုတဲ့ အတွေးက အလုပ်မဖြစ်ဘူး"

"အေးလေဟယ် ဆွန်းဟန်ရယ် နင်ကလည်း တစ်ခါတစ်လေ အဆန်းအပြားဖြစ်တာပေါ့ ယောကျာ်းလေးကို လိုက်ရတာလည်း နင့်အတွက်မခက်လောက်ပါဘူး"

"အရူးမ ယောကျာ်းလေးက ယောကျာ်းလေးကို လိုက်တာ လူကြားလို့မကောင်းဘူးဟ"

ကြားထဲက ၀င်ပြောတဲ့ ဂိုအွန်းကို စိတ်ညစ်ညူးစွာဆုံးမနေရဆဲ ဒုံမင်းကပါ ပါလာလေသည်။

"ဆွန်းဟန် မင်းပြောတော့ လုပ်မှာဆို အခုမှ စကားမတည် ဘာမတည်မလုပ်နဲ့ ‌ယောကျာ်းဆိုတာ ပြောပြီးသားစကား တည်ရတယ်"

"အေး အရူးနှစ်ကောင်"

သူ့ကို အရောက်ဝိုင်းပို့နေကြသည်။

"လုပ်လိုက်ပါ ဆွန်းဟန်ရယ် ဂျီ၀န်းခမျာ သူ့အစ်ကိုကို တော်တော်စိတ်ပူနေရရှာ ဟိုဘက်မိန်းကလေးက တော်တော်ဆိုးဆိုးဝါးဝါးပဲဟ"

"အစ်ကိုရင်းမှ မဟုတ်တာ"

"အဲလိုတော့ မပြောပါနဲ့ အစ်ကို Wonbin က သွေးသားရင်းချာမဟုတ်ပေမယ့် ညီမအတွက်တော့ အစ်ကိုအရင်းတစ်ယောက်လိုပါပဲ "

ဒါဆို ဘယ်ညီမက ကိုယ့်အစ်ကိုရင်းကို ယောကျာ်းလေးနဲ့ချစ်သူဖြစ်အောင် စီစဉ်ပေးမလဲ တကယ်ပါပဲ။

"ဒါဆို သူက ယောကျာ်းလေးတွေကို စိတ်မ၀င်စားဘူးဆိုရင်ကော"

"အဲဒါက အစ်ကို့ရဲ့ အစွမ်းအစအပေါ်မူတည်တယ်လေ"

မာနကို ထိပါးလာပြီမို့ Smirk တစ်ချက်ဖြစ်ပေါ်လာပြီး ဆွန်းဟန်၏ မခံချင်စိတ်တို့နိုးကြွလာသည်။

"အိုခေ လက်ခံတယ် ဒါပေမယ့် ငါ့ဂုဏ်သိက္ခာကို အရင်းတည်ရတာမို့ အလကားတော့ မရဘူး"

𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨 Where stories live. Discover now