အပိုင်း၁(Unicode)

584 22 0
                                    

ဤအကြောင်းအရာသည်စာရေးသူ၏စိတ်ကူးဖြင့်သာရေးပါသဖြင့်
တစ်စုံတစ်ရာအမှားပါခဲ့သည်ရှိသော် တိုက်ဆိုင်ခဲ့သည်ရှိသော် တောင်းပန်ပါသည်ခမျာ့

ဒီနေ့ဟာအိမ်ပြောင်းရမည့်နေပင်ဖြစ်သည်
ဆောင်းကိုကုန်လို့နွေဉီးကိုရောက်ရှိလာလေပြီ
နွေဉီးမှာပွင့်တတ်တဲ့ ကံကော်ပန်းတွေဟာလည်းပွင့်တော့မည်
ကျွန်မဖြင့်လေ ကံကော်ပန်းတွေကိုသိပ်မြတ်နိုးတာပဲ
ကားပေါ်မှာဖွင့်ထားတဲ့ "ထူးအိမ်သင်ရဲ့ နွေဉီးကံကော်"သီချင်းကိုငြိမ့်ငြိမ့်လေးနားထောင်ကာ ပြောင်းရမည့်အိမ်သို့မောင်းနှင်လာသည်

ရန်ကုန်မြို့ရဲ့ရပ်ကွက်တစ်ခုသို့အရောက်ကားကိုထိုးရပ်လိုက်သည်
ပြောင်းရမည့်အိမ်ဟာအကျယ်ကြီးမဟုတ်သော်ငြား သေသေသတ်သတ်နဲ့ကြည့်လို့ကောင်းသည်

"မိုးရေ ထတော့ ပြောင်းရမယ့်အိမ်ရောက်နေပြီ"

ကားနောက်ခန်းမှာအိပ်၍လိုက်လာတဲ့ကျွန်မညီမကိုနိုးလိုက်ခြင်းဖြစ်သည်

"အော် ရောက်ပြီလား မြန်လိုက်တာ"

"ပဲခူးကနေရန်ကုန်ဘယ်လောက်​ဝေးတာမို့လို့လဲ"

"အွန်း"

"အငယ်မ အိပ်ချင်မနေနဲ့ ပစ္စည်းတွေချအုံး"

"ဟုတ်ကဲ့"

ပစ္စည်းတွေချပြီးနောက်အိမ်ရှေ့ရှိထိုင်ခုံလေးပေါ်တွင်ထိုင်နေလေသည်
ညီမဖြစ်သူကတော့အိပ်ချင်သည်ဆိုသောကြောင့် ပြန်အိပ်၍နေသည်
ပုခုံးလောက်ရှိသည့်ဆံပင်များကိုဆံညှပ်ဖြင့်ညှပ်ထားလိုက်သည်
အပြာနုရောင်အကျီလက်တိုရယ် ဂျေဂျေဘောင်းဘီရယ်နှင့်အိမ်ရှေ့ထိုင်နေမိသည်
နွေရာသီပင်၀င်လာသည်မို့ အိမ်ထဲနေလျှင်ပူသည်မဟုတ်ပါလား
ပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်ရင်း
ကံကော်ပန်းပင်ကြီးစိုက်ထားသည့်ဘေးအိမ်ကိုငေးကြည့်နေမိသည်

"အို ကံကော်ပန်းတွေပါ့လား"

ကံကော်ပန်းပင်ကြီးစိုက်ထားသည့်ထိုဘေးအိမ်မှမိန်းကလေးတစ်ယောက်ထွက်လာသည်
ထမိန်ရင်ဖုံးလက်ပြတ်အဖြူကို၀တ်ဆင်ထားသည်ကသိပ်ကိုလှသည်
ထိုမိန်းကလေးကအသားအရေကခပ်ဖြူဖြူ
နက်မှောင်သောဆံနွယ်ရှည်များအားစီးနှောင်၍ထားသည်
ပါးနှစ်ဖက်မှာလဲပါးကွက်ကြားလေးဖြင့်
ခေါင်းတွင်ကံကော်ပန်းလေးကိုကလစ်ဖြင့်ထိုး၍ပန်ထားသည်

"ဘုရားရေ နွေခေါင်ခေါင်ကြီး မျက်နှာကိုရေခဲရေနဲ့အပက်ခံလိုက်ရသလိုပဲ အေးချမ်းလိုက်တာ"

"ညီမ ညီမ"

"ရှင်..ဟို..."

"ကံကော်ကဘေးအိမ်ကပါ ဒီကညီမကအိမ်ပြောင်းလာတာမလား"

"ဟုတ် ကျွန်မတို့ကဒီနေ့မှပြောင်းလာတာပါ"

"ကံကော်ရဲ့နာမည်ကကံကော်ရိပ်တဲ့ မှတ်ထားနော် အကူအညီလိုတာရှိရင်လဲပြောပါ တို့တွေကအိမ်နီးနားချင်းတွေဖြစ်နေပြီပဲကွယ် ဒါနဲ့ဒီကညီမနာမည်က"

"ဟို..ကျွန်မနာမည်က ခါနွေဦးပါ"

"နာမည်လေးကလှသားကွယ် နွေလို့ပဲခေါ်မယ်နော်"

မျက်လုံးလေးမှိတ်သွားသည့်တိုင်အောင်ထိုအမျိုးသမီးကပြုံးပြသည်
ထိုအမျိုးသမီးမှာအပြုံးလှလှလေးတွေလဲရှိသေးတာလား

"ကံကော်တို့အိမ်မှာမုန့်ဟင်းခါးချက်တယ် အဲ့တာနွေတို့ကိုလည်းစားစေချင်တာရယ် လာနူတ်ဆက်ချင်တာရယ်ကြောင့်လာလိုက်တာ"

"ဟုတ်ကဲ့ ကျေးဇူးပါရှင့်"

"ဒါဖြင့် ကံကော်ပြန်ပြီကွယ်"

"ဟုတ်ကဲ့ပါရှင် မုန့်ဟင်းခါးအတွက်ကျေးဇူးပါနော်"

ကျွန်မကထို့သိုပြောလိုက်တော့ ထိုအမျိုးသမီးဟာခေါင်းညိတ်ပြီး မျက်လုံးလေးများမှိတ်သည်အထိထပ်ပြုံးပြသည်လေ

"ဘုရား ဘုရား ငါဘာလို့ရင်တွေခုန်နေတာလဲ ကံကော်ရယ် ရှင်ကဘယ်လိုအမျိုးသမီးပါလဲနော်"

"မမ"

"ဟဲ့ ပလုတ်တုတ် လန့်တာဟယ် နင်အိပ်နေတာမဟုတ်ဘူးလား"

"နိုးနေတာမကြာသေးပါဘူး ခုနကမမလှလှကဘေးအိမ်ကလား"

"အွန်း ဟုတ်တယ်လေ သူ့အိမ်မှာမုန့်ဟင်းခါးချက်လို့လာပေးသွားတယ်"

"မမနော် အဲ့မမကိုကြည့်နေတာမျက်တောင်တောင်မခတ်ဘူး မိုး အပေါ်ကနေလှမ်းကြည့်နေတာ"

"အယ် ဒီကလေးမကတော့ နင်စားတော့မယ်မလား ငါသွားပြင်လိုက်တော့မယ်"

"အဟွန်း ကြိုက်ရင်ကြိုက်တယ်ပေါ့"

[ဒါလေးကတိုသွားတယ်ကွယ် နောက်အပိုင်းတွေကရှည်ရှည်လေးရေးပေးပါ့မယ် နွေရာသီစ၀င်ထဲကရေးဖို့စဥ်းစားနေတာလေး နွေကုန်ခါနီးကျမှရေးဖြစ်တယ်]

2.5.2023(Thu)

"နွေဦးကံကော်"(short story)Where stories live. Discover now