ထိုညကတစ်ညလုံး ကံကော်ရဲ့အကြောင်းကိုစဉ်းစားပြီးအိပ်မပျော်ပေ
"ကံကော် ကံကော်ရယ် ရှင်ကဘယ်လိုအမျိုးသမီးပါလိမ့်"မနက်နိုးလာလို့အောက်ဆင်းတော့ ကျွန်မညီမက ကံကော်နှင့်စကားပြောနေလေသည်
"ဟို ကံကော် အစောကြီး ဘာကိစ္စရှိလို့လဲဟင်"
"မစောတော့ပါဘူးနော် ၉နာရီထိုးနေပြီလေကွယ်"
ကံကော်ပြောမှကျွန်မနာရီကိုသေချာကြည့်မိသည်
ဘုရားရေ အချိန်ကအဲ့လောက်တောင်ဖြစ်သွားတာလား"အော် ကံကော် ချိုင့်လာယူတာလား ကျွန်မချိုင့်သွားယူလိုက်မယ် နောက်ဖေးမှာဆေးထားတယ်"
"အို ညနေမှနွေကိုယ်တိုင်လာပေးပါလားကွယ် ကံကော်သွားစရာရှိသေးတယ် သွားပြီနော် နွေနဲ့ညီမလေး"
"တာ့တာ မမလှလှ"
"မိုး နင်တို့ခုနကဘာတွေပြောနေတာလဲဟင်"
"သိချင်ရင်စုံစမ်းပေါ့"
"ဟာ မိုး မိုးဝဿန်"
လူကိုဘုကလန့်ပြောသောညီမဖြစ်သူကိုကြည့်၍
သက်ပြင်းတစ်ချက်ချမိလိုက်သည်"ညနေကျရင်ကံကော်ဆီကိုသွားမှပါလေ"
-------------
"ကံကော်ရေ ကံကော်ရှိလားရှင့်"
"အော် ရှိတယ်သမီးရဲ့ ကံကော် သမီးရေ ဘေးအိမ်ကကောင်မလေးလာနေတယ်"
"ဟုတ် အမေ ကံကော်လာပြီနော်"
"သမီးရေ အိမ်ထဲဝင်ပါအုံး"
"ရပါတယ်ရှင် သမီးကချိုင့်လာပို့တာပါ"
"ဘာလဲ နွေကကံကော်အိမ်ကိုမ၀င်ချင်တာလား"
ကံကော်ဟာဒီတစ်ခါမှတော့အကျီအဖြူလက်တိုအပွလေးကို ထမိန်အမည်းရောင်လေးဖြင့်ဝတ်ထားသည် ပါးနှစ်ဖက်ပေါ်မှာလဲသနပ်ခါးလေးကိုလိမ်းထားလေသည်
"မဟုတ်ပါဘူးရယ် ကံကော်တို့အဆင်ပြေပါ့မလား"
"အို ဘာအဆင်မပြေစရာရှိလဲ ဒီကဖြင့် သူ့ကိုမျှော်နေတာကို"
ကံကော်ဟာသူ့နူတ်ခမ်းပါးလေးကိုဆူပုတ်ပုတ်လေးလုပ်ရင်းပြောသည်
YOU ARE READING
"နွေဦးကံကော်"(short story)
Non-Fiction"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးတို့ရဲ့အချစ်ဇတ်လေးတစ်ပုဒ် အပိုင်းတိုလေးဖြစ်တာကြောင့်အနည်းဆုံးအပိုင်း၅ပိုင်းသာပါပါလိမ့်မည်