အပိုင်း၅-end(Zawgyi)

55 2 0
                                    

၁၂လပိုင်းထဲဝင်လာတာမို့အလွန်အေးလာပြီဖြစ်သည်
အရင်လကကံကော်ထိုးပေးလိုက်သည့်မာဖလာလေးအားအမြဲလိုပတ်ထားမိသည်
ကိုယ်မြတ်နိုးရသူထိုးပေးသည့်လက်ဆောင်မို့ပို၍သဘောကျရသည်မဟုတ်ပါလား
မာဖလာနို့နှစ်ရောင်လေးပေါ်မှာကံကော်ပန်းပုံလေးကိုထိုးထားသည်
ကံကော်ကိုအမြဲသတိရနေအောင်လို့တဲ့လေ
မာဖလာလေးတွင်Nဟူ၍လည်းထိုးထားသေးသည် နွေ့ရဲ့နာမည်အစစာလုံးမို့တဲ့
ကံကော်ဟာသိပ်ကိုချစ်ဖို့ကောင်းသည်မဟုတ်ပါလား
ကံကော်ဟာကျွန်မကိုသူ့အိမ်လိပ်စာတော့မပြောပြပေ
ကျွန်မကကံကော်အတွက်လက်ဆောင်ပို့ပေးချင်တယ်လို့ပြောရင် "ကံကော်အတွက် လက်ဆောင်မလိုပါဘူး နွေ ကံကော်အနားမှာရှိနေဖို့ပဲလိုတာပါ"လို့ပြန်ပြောတတ်သေးသည်
သူ့လက်ဆောင်ကိုလက်မခံဘူးပြောရင်လည်းဆူတတ်သေးသည်

"ကျွန်မကံကော်ကိုသိပ်လွမ်းတာပဲ"

------------

တဖြည်းဖြည်းနဲ့မျှော်နေရသည့်နွေကိုတဖန်ရောက်ရှိခဲ့ပြန်ပြီလေ
ကံကော်ပင်ကြီးအောက်မှထိုင်ပြီးမျှော်နေမိသည်
ဒီနေ့ဟာကံကော်မွေးနေ့
ကံကော်ပန်းလေးတွေကိုလက်ထဲမှာကိုင်ထားသည်
ရှည်လာသောဆံပင်မှာအားဂုတ်ထာက်ထိညှပ်ပစ်ခဲ့သည်
အဖြူရောင်တီရှပ်လေးရယ်ဘောင်းဘီအမဲကွက်ကျားလေးရယ် လက်ထဲကိုင်ထားသည့် ကံကော်ပန်းရယ်ကြောင့် လူကအနည်းငယ်ရယ်စရာကောင်းနေမည်လား
ကံကော်ဒီပုံစံကိုမြင်ရင်"နွေကချစ်စရာလေး"ဆိုပြီးအူယားစွာရယ်နေမလား

"ဟိတ် ကလေးမလေး"

ကလေးမလေးဟုခေါ်လိုက်သည့်အသံကြောင့်
ထိုင်နေရင်းခေါင်းကိုမော့ကာကြည့်မိသည်
ကံကော်ကနက်မှောင်နေတဲ့ဆံပင်အရှည်လေးကိုတစ်ဝက်စီးကာထားသည်
ကံကော်အပွင့်တွေပါသည့်ထမိန်ရင်ဖုံးအားဝတ်ဆင်ကာထားသည်
စတွေ့တုန်းကလိုပါးနှစ်ဖက်ပေါ်မှာသနပ်ခါးလေးလိမ်းခြယ်ကာထားသည်

"ဟင် ကံကော်"

ဒါအိမ်မက်များလား လွမ်းလွန်းလို့ထင်ယောင်ထင်မှားများဖြစ်နေတာလား
ဟင့်အင်း ကံကော်မှကံကော်အစစ်ပါပဲ

"နွေ ဘာတွေများ ကြောင်ကြည့်နေတာလဲ ဘာလဲ ကံကော်ကအရမ်းလှလာလို့မမှတ်မိတော့တာလား"

"နွေဦးကံကော်"(short story)Where stories live. Discover now