နွေရာသီ၎လဆိုတာဟာလည်း ခနလေးနဲ့ကုန်သွားပြန်တာပါပဲ
၎လအတွင်းကံကော်နှင့်ကျွန်မလည်းတဖြည်းဖြည်းရင်းနှီးလာလေပြီ
၎လအတွင်းမှာကျွန်မကံကော်ကိုချစ်မိနေသည်ဟုပင်သိခဲ့ရသည်"ကံကော်"
"ရှင် ဘာပြောမလို့လဲနွေ"
"ဘာလိုလိုနဲ့နွရောသီတောင်ကုန်သွားပြီနော်"
ကံကော်ကဖတ်လက်စစာအုပ်ကိုပိတ်ကာ
ကျွန်မကိုမေးထောက်၍ကြည့်လာသည်"ဟုတ်ပါ့ကွယ် အချိန်တွေကလည်းမြန်သား"
"ကံကော်သိလား ကျွန်မလေ နွေရာသီကိုသိပ်သဘောကျတာ"
"ဘာလို့လဲ ဒီလောက်ပူတဲ့ရာသီကို"
"ကျွန်မမြတ်နိုးတဲ့ကံကော်ပန်းတွေကနွေရာသီမှာပွင့်လို့"
ကံကော်ဟာမျက်လုံးလေးတွေမှိတ်သွားသည်ထိ
ပါးလေးမို့တတ်သွားသည်အထိပြုံးပြလေသည်
ထိုအပြုံးတွေကိုပဲစွဲလမ်းနေရတာမဟုတ်ပါလား"သိပ်ချစ်တယ်ကံကော် ကျွန်မလေကံကော်ပန်းတွေကိုသိပ်ချစ်တာပဲ"
"နွေကကံကော်ပန်းတွေကိုသိပ်သဘောကျတယ်ထင်ပါရဲ့နော် ကံကော်မနာလိုတောင်ဖြစ်လာပြီ"
ချွဲသံနွဲ့သံမပါသော်ငြား ကံကော်ရဲ့အသံက ချစ်စရာသဖွယ် မြတ်နိုးစရာသဖွယ်
"ကျွန်မကလေ ကျွန်မချစ်ပါတယ်ဆိုတဲ့ကံကော်ပန်းတွေထက်တောင် ကံကော်ကိုပိုချစ်တယ်"
"ကံကော်ကျေနပ်မိပါရဲ့"
"ကျွန်မပြောပြမယ် ကံကော်သိမလားတော့ကျွန်မမသိဘူး"
"ပြောပါရှင် ကံကော်နားထောင်နေပါတယ်"
"နွေဉီးရဲ့ သင်္ကေတ ဖြစ်တဲ့ ကံ့ကော်ပန်းလေးတွေဟာ အချစ် ၊ ထာဝရမပြောင်းလဲတဲ့ အချစ်တဲ့လေ ကျွန်မကံကော်ကို ကံကော်ပန်းတွေပေးချင်တယ်
"နွေကကံကော်ကိုရည်းစားစကားပြောနေတာပဲ"
"ကျွန်မကံကော်ကိုသိပ်ချစ်လို့ပါ"
"ဒါဖြင့် ကံကော်ပန်းတွေကိုချစ်သလား ကံကော်ကိုချစ်သလား"
"ကံကော်ပန်းတွေကိုချစ်သလို ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ချစ်တယ်"
YOU ARE READING
"နွေဦးကံကော်"(short story)
Non-Fiction"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးတို့ရဲ့အချစ်ဇတ်လေးတစ်ပုဒ် အပိုင်းတိုလေးဖြစ်တာကြောင့်အနည်းဆုံးအပိုင်း၅ပိုင်းသာပါပါလိမ့်မည်