Extra(Zawgyi)

52 3 0
                                    

ဧည့်ခန်းထဲတွင် မီမီဝင်းဖေနဲ့ခင်မောင်တိုးရဲ့"ပန်းချစ်သူ"သီချင်းဟာလွင့်ပျံလို့နေလေသည်
သီချင်းကိုလိုက်ညည်းနေသောသူမှာကံကော်ပါလေ
ဒီအမျိုးသမီးကသီချင်းတွေကိုလည်းသိပ်ချစ်တတ်သေးသည်
တစ်ခါတစ်ရံကျွန်မသီချင်းတွေကိုပင်သိပ်မနာလိုမိပါသည်

ကြင်နာသူသာခူးဆွတ်သူဖြစ်ပါစေလေ...

"နွေ ကံကော်သာပန်းလေးတစ်ပွင့်ဆိုရင် ခူးဆွတ်သူဟာနွေပဲဖြစ်စေချင်တယ်"

ဒီအမျိုးသမီးကစကားကိုရင်ခုန်အောင်လည်းပြောတတ်သေးသည်မဟုတ်ပါလား
အပျိုကြီးတွေများသိပ်ကိုစကားတတ်ရဲ့

"အဲ့တာဆိုကျွန်မကလည်းအဲ့ပန်းကလေးကိုအမြတ်တနိုးသိမ်းထားရမှာပေါ့"

"နွေ"

ကံကော်ကကျွန်မလက်မောင်းလေးကိုမှီရင်းနဲ့ပြောလာသည်

"နွေကသိပ်ချစ်စရာကောင်းတယ်သိလား"

"သိပါ့ရှင်"

ထို့နောက်ရေဒီယိုမှထပ်ပြီးပျံလွင့်လာတဲ့သီချင်းက ဂျေညီညီရဲ့"လူပျိုကြီးပဲလုပ်တော့မယ်"တဲ့လေ

မညာပါနဲ့စိတ်ထဲမှာမင်းလည်းငါ့လိုခံစားမှန်း
ငါသိတယ် အမူအရာနဲ့လူသိလောက်ပြီ
ရှက်ရမယ့်သူစိမ်းမဟုတ်ပဲမပွင့်တပွင့်မျက်နှာလေးနဲ့အချိန်ဆွဲခဲ့တာအပျိုဟိုင်းကြီးဖြစ်တော့မယ်

လက်မောင်းကိုမှီထားတဲ့ကံကော်ကိုကြည့်ရင်းနဖူးလေးကိုငုံနမ်းလိုက်သည်

"ကျွန်မချစ်ဖို့ကောင်းတာ ဒီအပျိုကြီးကိုဘယ်မှီပါ့မလဲ"

ထို့သို့ပြောလိုက်တော့ကံကော်ကဆူပုတ်ပုတ်ကလေးဖြင့်

"အို ကံကော်ကိုအပျိုဟိုင်းကြီးလို့ပြောချင်နေတာပေါ့လေ ဟုတ်လား"

အပျိုကြီး....တကယ်လုပ်မှာလား
ပြောစမ်းပါ ရည်ရွယ်တဲ့မင်းအကြောင်းတွေ...
တကယ်လို့...မင်းနဲ့မပေါင်းဖြစ်ရင်တော့
အားကျမခံလူပျိုကြီးပဲလုပ်တော့မယ်

သိပ်အသည်းယားလွန်းလို့အသံထွက်အောင်ပင်အော်ရယ်မိပါသည်

"လှောင်တာပေါ့လေလူကို"

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

"နွေဦးကံကော်"(short story)Where stories live. Discover now