အခန်းထဲမှာ "လွှမ်းမိုးရဲ့ကံကော်မြို့တော်"ကိုနားထောင်ကာမှိုင်နေမိသည်
"လွမ်းတယ်ကံကော်ရယ်"
"မမ နင် ဟိုမမလှလှမန္တလေးသွားတုန်းကကားဂိတ်ကိုလိုက်မပို့ခဲ့ဘူးလား မမလှလှကနင့်ကိုမျှော်နေတာကို"
"လိုက်ပို့ရင် ငါငိုမိမယ်ထင်တယ် ကံကော်ငါ့ကိုကျောခိုင်းထွက်သွားတာကိုကြည့်ပြီးတော့လေ"
"အေးပါ မိုးလည်းမိုးမကြီးမှိုင်နေတာမြင်ရတာစိတ်မချမ်းသာဘူး ကဲပါ မိုးအောက်ဆင်းအုံးမယ်"
"အွန်း"
၁လပြည့်သွားလေပြီကံကော်နှင့်မတွေ့ရတဲ့အချိန်တွေက
အဆက်အသွယ်လုပ်မယ်ဆိုသည့်သူကခုထိဖုန်းလဲမဆက်စာလဲမပို့ပေ
ဖုန်းဆက်လဲမကိုင်ပေ
လွမ်းလဲလွမ်းစိတ်လဲပူပေသည်
ထို့နောက်ဖုန်းမှဖုန်းသံမြည်လာသည်
စိတ်တွေဟာကံကော်ဆီရောက်နေတာနဲ့
ဖုန်းလာနေသည်ကိုပင်သတိမထားမိ
နောက်တစ်ခေါက်ထပ်ဆက်လာတော့မှကိုင်မိသည်"ဟယ်လိုနွေ"
"ဟင် ကံကော်"
၁လလုံးအဆက်အသွယ်မလုပ်သည့်သူကို
စိတ်ဆိုးချင်သော်ငြားလဲ အသံလေးကြားလိုက်တာနဲ့တင် လူကချော့စရာပင်မလိုတော့အောင် ပျော့နေပြီ"နွေ ကံကော်ကိုလွမ်းနေလားဟင်"
"ဘယ်လိုများမေးလိုက်တာလဲကံကော်ရယ် ကျွန်မလေကံကော်ကိုသိပ်လွမ်းတာပဲ"
"ကံကော်အဆက်အသွယ်မလုပ်မိတာတောင်းပန်ပါတယ်ကွယ်"
"ကံကော်ကိုကျွန်မစိတ်ဆိုးချင်နေတာ"
"ရှင် အဲ့တာဆိုကံကော်ချော့မယ်လေ ကံကော်ကိုစိတ်မဆိုးပါနဲ့နော်"
"ကျွန်မကလေ ကံကော်ရဲ့အသံကိုကြားရုံနဲ့တင်စိတ်ဆိုးပြေပြီးပါပြီ"
"အို နွေကတော့ကွယ်"
"ကံကော်အဆင်ပြေရဲ့လား ကျွန်မစိတ်ပူနေတာ"
"ကံကော်ကအဆင်ပြေပါ့ရဲ့ နွေ ကံကော်ကိုစောင့်နေမလားသိချင်နေတာ"
"ကျွန်မစောင့်နိုင်ပါတယ်ဆိုနေ လွမ်းတာတော့လွမ်းပေမယ့် ကျွန်မကံကော်ကိုစောင့်နေတယ်"
YOU ARE READING
"နွေဦးကံကော်"(short story)
Phi Hư Cấu"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးတို့ရဲ့အချစ်ဇတ်လေးတစ်ပုဒ် အပိုင်းတိုလေးဖြစ်တာကြောင့်အနည်းဆုံးအပိုင်း၅ပိုင်းသာပါပါလိမ့်မည်