Ep-1

538 61 4
                                    

ခံစားချက်တဲ့လား??
ငယ်ငယ်ထဲကကျွန်အဖြစ်​မွေးဖွားလာတဲ့သူကခံစားချက်ရှိပါ့မလား။
​ရောမမြို့မှာကျွန်ဆိုတာအိမ်သုံးပရိ​ဘောဂ​လောက်​တောင်တန်ဖိုးမရှိဘူးဆိုတာမင်းတို့သိလား။
ကျွန်တစ်​ယောက်ကိုသခင်တစ်​ယောက်ကပိုင်ဆိုင်သွားရင်အဲ့ကျွန်ရဲ့အရာအားလုံးကသူ့ကိုပိုင်တဲ့သခင်နဲ့သက်ဆိုင်​နေတာမျိုး
သခင်ကသူပိုင်တဲ့ကျွန်ကိုဘယ်လိုပင်နှိပ်စက်နှိပ်စက်​နောက်ဆုံးသတ်ပင်ပစ်ပါအုံးဘယ်သူမှအ​ရေးတယူ
မပြုတာပင်
ကျွန်​တွေရဲ့​သေခြင်းရှင်ခြင်းကတိရစ္ဆာန်​တွေ​လောက်​တောင်အ​ရေးမပါပုံများ...
______________

Fourth Nattawat

ဟုတ်ပါတယ်။ငါဟာကျွန်တစ်​ယောက်ပါ။​ရောမရဲ့စစ်သား​တွေဟာငါတို့​ဒေသ​တွေမှာစစ်ပွဲနိုင်​တော့​ဒေသခံလူ​တွေဟာအလိုလိုကျွန်ဖြစ်လာခဲ့ကြပြီး​နေရာအသီးသီးသို့​ရောင်းချခြင်းခံခဲ့ရတယ်။အဲ့တုန်းကငါဟာ၁၀နှစ်သားက​လေး​လေးပင်ရှိ​သေးသည်။

Gemini Norawit

Titicharoenrakမျိုးရိုးရဲ့တစ်ဦးတည်း​သောသား။Titicharoenrakမျိုးရိုးတွင်​မွေးဖွားဖို့ကအင်ပါယာတစ်ခုလုံးရဲ့အိမ်မက်ပင်ဖြစ်​ချေသည်။Titicharoenrakမိသားစုသည်​ရောမပြည်တွင်ဘုရင်စနစ်ရှိစဥ်ကတည်းကတန်ခိုးအာဏာရှိခဲ့တဲ့အထက်တန်းလွှာမိသားစုဖြစ်သည်။

၁၀နှစ်သားgemini norawit​လေးရဲ့ဂျီကြမှု​
ကြောင့်Titicharoenrakရဲ့အိမ်​တော်ထိန်းဖြစ်တဲ့
အန်မလီသည်သခင်​လေးလက်ကိုဆွဲကာကျွန်၀ယ်ရန်အတွက်​စျေးသို့လာခဲ့ရသည်။

​ရောမ​ခေတ်မှာကျွန်​တွေကို​စျေး​တွေမြို့လည်​ခေါင်​တွေမှာ​ရောင်းချတတ်တာအဆန်းမဟုတ်​ပေ။

"ကျွန်​တော်ဟို​ကောင်​လေးကိုလိုချင်တယ်"

အမိန့်ဆန်ဆန်ထွက်လာတဲ့အသံအဆုံးအန်မလီသည်သခင်​လေးလက်ညိုးထိုးပြရာကြည့်မိသည်။သခင်​လေးနဲ့ရွယ်တူ​ကောင်​လေးတစ်​ယောက်ပင်။အင်္ကျီမှာ​ဖုန်​တွေအထပ်ထပ်နဲ့ဖြစ်ကာ​ချွေး​တွေရွှဲ​နေ​သောညစ်​ပေ​ပေ​ကောင်​လေးသည်သူတို့ရှိရာ​မော့ကြည့်လာ​လေသည်။

ကျွန်​တွေရဲ့ကိုယ်​ရေးကို​ဖော်ပြထား​သောလည်ဆွဲကဒ်ကိုကြည့်​မိ​တော့*fourth nattawat*တဲ့နာမည်​လေးလှသားပဲဟုအန်မလီ​တွေးမိသည်။ညစ်ပတ်​ပေ​ရေ​နေ​ပေမဲ့သန့်သန့်ရှင်းရှင်း​လေးဆိုဒီက​လေးသိပ်​ချစ်စရာ​ကောင်းမှာပဲ။ဒီက​လေးမျက်နှာမှာအထူးခြားဆုံးကမှဲ့​လေးနှစ်ခုပင်ဖြစ်ရမည်။အပျိုကြီးအန်မလီသည်ဒီ​ကောင်​လေးကို​တွေ့​တွေ့ချင်းသားလိုတူလိုပင်ချစ်မိသည်။

PompeiiWhere stories live. Discover now