တဖြည်းဖြည်းကြာလာသည်နှင့်အမျှmindတို့သုံးယောက်သည်ငယ်ပေါင်းရင်းချာများသဖွယ်ဖြစ်လာလေတော့သည်။mindသည်ကိုယ့်အိမ်တော်မှာနေတာထက်geminiတို့အိမ်တော်တွင်နေတာပိုများသည်။သူမတို့သည်လွှတ်တော်ရေးရာများကိုဆွေးနွေးလိုက်၊လေတွေပေါစကားတွေများလိုက်၊တစ်ခါတစ်လေပန်းဥယျဥ်ထဲပေါင်းတွေရှင်းလိုက်ဖြင့်တရုံးရုံးဖြစ်နေသည်ကိုmindမိဘတွေနဲ့geminiမိဘတွေကသဘောခွေ့နေလေသည်။
သေချာသည်ကmindသည်တစ်ဦးတည်းသောသမီးဖြစ်နေ၍အိမ်တော်ရဲ့အခွင့်အာဏာကိုမိဘတွေမရှိတော့ရင်မထိန်းထားနိုင်နောက်ပြီးလွှတ်တော်ထဲလဲနေရာမရနိုင်သည်ဖြစ်သဖြင့်geminiနဲ့လက်ဆက်ပေးမှသာအိမ်တော်၏အခွင့်အာဏာတည်မြဲမည်ဖြစ်သည်ဟုmindမိဘတွေကတွေးဆထားသည်။
ထို့နည်းတူgeminiမိဘတွေကလဲပုံပေမြို့အင်ပါယာရှင်ရဲ့သမက်ဖြစ်ရေးကိုလက်လွတ်ခံမယ့်ပုံမပေါ်။
________________ညနေဘက်mindပြန်သွားတော့အခုအိပ်ဆောင်ထဲgeminiနဲ့fourthနှစ်ယောက်ထဲသာကျန်ခဲ့တော့သည်။
"Fourth ဒီနားလာခဲ့...လာ.."
စာရေးနေရင်းgeminiခေါ်လိုက်သည်။Geminiနားသွားအရပ်လူကိုသူ့ပေါင်ပေါ်ဆွဲချလိုက်ပါလေသည်။အခုပုံစံကfourthသည်geminiပေါင်ပေါ်တွင်တစောင်းအနေထားနဲ့ထိုင်နေသလိုဖြစ်နေသည်။
ကုန်းရုန်းထပေမဲ့geminiကအလွှတ်မပေးခါးကနေကိုင်ကာဒီတိုင်းထိုင်စေလေသည်။"ဘာလို့ရုန်းနေတာလဲ။ငါကစာသင်ပေးမလို့ပါfourthရ"
"ဘာ...ဘာရယ်"
"ဟုတ်တယ်လေ။မင်းလဲစာလေးဘာလေးဖတ်တတ်အောင်သင်ပေးမလို့ကွ"
"မ..မဖြစ်နိုင်တာ"
"လာစမ်းပါကွာ။စားပွဲခုံဘက်လှည့်.."
ပိုင်စိုးပိုင်နင်းနဲ့ခါးကိုပွေ့ကာအရှေ့ဘက်လှည့်လိုက်တာများfourthကအရုပ်လေးပမာနှယ်"ရော့...စုတ်တံကိုင်။သေချာလိုက်ရေး"
လက်ကိုထပ်ကာသေချာသင်ပေးနေပေမဲ့လဲ geminiရဲ့ရှိုက်သက်နွေးနွေးကကျောနားမှာကျီစယ်နေတာမလို့စာထဲအာရုံမစိုက်နိုင်တော့ပေ။ကျန်လက်တစ်ဖက်နဲ့လဲခါးကိုကျစ်နေအောင်ဖက်ထားတာများfourthထွက်ပြေးမှာစိုးနေသလို။