နှစ်ဖက်မိဘတွေစုံလင်နေသောဧည့်ခန်းထဲ၌သူတို့နှစ်ယောက်တိုးတိတ်စွာထိုင်နေရသည်။အပြင်ဘက်မှတိုက်ခတ်လာသောလေအေးများသည်သူတို့နှစ်ယောက်ရဲ့လက်မှချွေးစီးများပင်မခြောက်သွေ့စေနိုင်။အခုချိန်မှသူတို့၀င်မပြောရင်စေ့စပ်ပွဲကအခုပင်ဖြစ်သွားနိုင်သည်။
"မယ်မယ်နဲ့ခမည်းတော်"
"ပြောလေသား"
"ဟိုစေ့စပ်ပွဲမလုပ်ခင်ကျွန်တော်တို့ခရီးထွက်ချင်လို့ပါ"
"ကောင်းသားပဲ။မယ်မယ်တို့လဲအပန်းဖြေချင်နေတာနဲ့အတော်ပဲ"
"မဟုတ်ဘူးမယ်မယ်။ကျွန်တော်တို့နှစ်ယောက်ထဲ.."
"အယ်...ဖြစ်ပါ့မလားသားရယ်။ဒီဘက်ကသမီးလေးကရော"
"ဟုတ်ကဲ့သမီးလဲတူတူပါပဲ"
"ဒါနဲ့mindမိဘတွေကကောအဆင်ပြေပါ့မလား"
"ကျွန်တော်တို့ကသမီးလေးသဘောပါပဲဗျာ"
"ဟုတ်ကဲ့ခွင့်ပြုပေးကြလို့ကျေးဇူးတင်ပါတယ်"
နှစ်ယောက်သားပြိုင်တူပြောမိကြသည်။အခုတော့သူတို့အစီစဥ်စပြီးအကောင်ထည်ဖော်ရတော့မယ်မဟုတ်လား။
Geminiနဲ့mindတို့ထွက်သွားမှနှစ်ဖက်မိဘတွေပြုံးမိကာစိတ်အေးသွားကြရသည်။တစ်လျှောက်လုံးငြင်းလာတဲ့နှစ်ယောက်ကအခုကျခရီးသွားဖို့ကိုပဲတောင်းဆိုသွားကြတာမလား။ဒီခရီးကသူတို့သားသမီးနှစ်ယောက်တွက်မေတ္တာတွေပိုတိုးလာလိမ့်မယ်လို့ထင်နေကြသည်လေ။အတွေးနဲ့လက်တွေ့လွဲနေတာတော့မိဘတွေသိမယ်မထင်။
_______________Mindကမိုအာကိုသွားရှင်းပြရသလိုgeminiကလဲfourthကိုရှင်းပြဖို့ရှာပုံတော်ဖွင့်ရပါတော့သည်။
အစေခံအိပ်တန်းရဲ့အခန်းကျဥ်းလေးထဲမှာfourthသည်မျက်ရည်များဝေ့သီနေသလိုစိတ်နဲ့ကိုယ်လဲမကပ်။
"Fourth...မင်းငါ့အိပ်ဆောင်ဆီလာအုံး"
တခြားအစေခံများရှိလို့ခပ်မာမာသာခေါ်လိုက်ရသည်။"ဟုတ်ကဲ့ပါ"
ခေါင်းငုံ့ကာလိုက်နေသောfourthကို
အခုချက်ချင်းပင်ထွေးပွေ့ပြီးချော့ချင်စိတ်ကို
geminiချုပ်တည်းထားရသည်။မျက်နှာလေးညိုးနေရင်ကိုရင်မှာနေလို့ထိုင်လို့မကောင်းပေ။
