အရင်လိုစာကလေးသိုက်အဖွဲ့ပြန်ရောက်ရှိလာသလားထင်မှတ်ရသည်။စိတ်ညစ်စရာရှိတိုင်းမပျော်ရရင်ပျော်ရမယ်ဆိုတာရှိမှာမဟုတ်ဘူးမဟုတ်လား။
ဒီနေ့အဆိုတင်သွင်းရမဲ့နေ့ဖြစ်သဖြင့်geminiနဲ့mindသည်ကိုယ့်ရဲ့အဆိုဖော်ပြမှုများကိုစာရွက်လိပ်များဖြင့်ရေးသားနေကြသည်။fourthလဲကူညီပေးနေရသဖြင့်တစ်ယောက်မှမအားလပ်ကျ။
"Fourthနင်ရောအကြံပေးချင်တာရှိသေးလား။ငါ
ထည့်ပြီးတင်သွင်းပေးမယ်""ငါအကြံပေးချက်ကရိုးရှင်းပါတယ်။ကျွန်တွေကိုပိုက်ဆံပေးမရောင်းမ၀ယ်ဖို့ရယ်၊ကျွန်တွေကိုခိုင်းဖို့အတွက်အခကြေးငွေပေးကြတာတွေရယ်ပဲ။ဒါဆိုလူတိုင်းအဆင်ပြေသွားလိမ့်မယ်ထင်တယ်"
"ဘာကြောင့်ဒီလိုပြောတာလဲ။ငါအကြောင်းရင်းသိခွင့်ရှိမလား"
"နင်တို့စဥ်းစားကြည့်။ကျွန်တွေဆိုတဲ့မျိုးရိုးနိမ့်တွေဆိုတာလဲလူတွေပါပဲ။ဒါကိုသူတို့၀ယ်ထားတဲ့အရှင်သခင်နဲ့ကျအဲ့ကျွန်တွေကတိရစ္ဆာန်လောက်တောင်အရေးမပါဘူး"
"ဒါလဲဟုတ်တယ်fourth။ငါအဲ့ဒါထည့်ရေးပေးမယ်။ဒါနဲ့geminiကရော"
"ငါကတော့နယ်မြေတစ်ခုစီမှာစစ်နိုင်တိုင်းအဲ့နယ်နေလူတွေကိုတခြားမြို့တွေဆီကျွန်အဖြစ်မရောင်းချဖို့ပဲ။စစ်နိုင်တဲ့လူရဲ့လက်အောက်မှာပဲထားပြီးအရင်ကသူတို့လုပ်နေကြအလုပ်တွေကိုပဲပြန်လုပ်ခိုင်းဖို့အဲ့ဒါမှမိသားစုတွေမကွဲကွာမှာ"
Geminiသည်ထိုစကားပြောနေချိန်fourthကိုသာမျက်တောင်မခတ်စတန်းစိုက်ကြည့်ကာပြောလေသည်။စကားဆုံးတော့ငါမင်းအတွက်အဲ့လိုလုပ်ပေးမယ်ဆိုတဲ့အကြည့်နဲ့နှုတ်ခမ်းကွေးရုံပြုံးပြသည်။
Geminiစကားစနားထောင်ထဲကfourthသည်မျက်ရည်တွေလဲ့နေခဲ့သည်။နှစ်ယောက်လုံးသည်ဘာစကားမှပြောစရာမလိုဘဲအချင်းချင်းနားလည်နေခဲ့ကြသည်။
"Gem~~~ကျေးဇူးတင်ပါတယ်"
Fourthကရှိုက်သံတ၀က်နဲ့ဆိုလာသည်။"မလိုပါဘူးfourthငါကမင်းအတွက်ဆိုဘာမဆိုလုပ်ပေးမှာပါ။ယုံတယ်မလား"
![](https://img.wattpad.com/cover/368459103-288-k972834.jpg)