အခုတလောmindနဲ့geminiတို့တိတ်တဆိတ်ခိုးတွေ့နေကြသည်။ဒါကလဲတခြားမဟုတ်ဟိုအိမ်ကိုထွက်ပြေးလျှင်ခဏတာစားဖို့အတွက်ပစ္စည်းတွေ၀ယ်ခြမ်းပြီးပို့ထားခြင်းဖြစ်သည်။
Fourthစိတ်ထဲမှာတော့ဘ၀င်မကျ။ခရီးကပြန်လာတည်းကနှစ်ယောက်လုံးတစ်ခုခုကိုဖုံးကွယ်ထားသလို။ချစ်ရသူကိုယုံကြည်ပေမဲ့နည်းနည်းတော့သ၀န်တိုခွင့်တော့ရှိတယ်မလား။
"Fourthကိုယ့်ကိုအခုတလောရှောင်နေသလားလို့"
"မဟုတ်ပါဘူး"
"ကိုယ်အရေးကြီးပြောစရာရှိတယ်"
"ပြောလေ"
"ညကျခရီးထွက်ဖို့အတွက်ပြင်ဆင်ထားfourth ပစ္စည်းတွေအကုန်ယူလာလေကောင်းလေပဲ"
"အိမ်ပြောင်းမလို့လားgem"
စသလိုနောက်သလိုမေးမိတော့"Fourth...ကိုယ်အတည်ပြောနေတာ"
"အင်းငါသိပါတယ်"
"ကိုယ့်ကိုယုံပြီးတစ်ဘ၀လုံးပုံအပ်ရဲလားfourth"
Fourthရဲ့မျက်လုံးနက်နက်လေးတွေကိုစိုက်ကြည့်ရင်အဖြေကိုစောင့်ဆိုင်းနေမိသည်။"ပုံအပ်ရဲတယ်gem"
"ချစ်လိုက်ရတာအသက်လေးရယ်"
"အင်း...ငါရောပဲ"
တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်းပြတင်းပေါက်က၀င်လာတဲ့နေရောင်ခြည်ကအနွေးဓါတ်ကိုခိုလှုံရင်းတစ်ယောက်ရင်ခုန်သံတစ်ယောက်နားထောင်နေကြတာအချိန်အတော်ကြာ....
_______________အမှောင်ထဲတွင်ပုန်းနေကြသောလူ၄ယောက်နှင့်မြင်းလှည်းတစ်စီး...
အထုပ်ပိုးတွေတင်ရင်းကောင်လေးတစ်ယောက်ဟာမြင်းလှည်းမောင်းသမားနေရာယူကာအကုန်လုံးတစ်ခုတစ်စည်းထဲပုံပေမြို့ရဲ့အချမ်းသာဆုံးအိမ်ကြီးနှစ်အိမ်ရှေ့မှထွက်သွားကြသည်။
သူတို့ထွက်သွားသည်ကိုတိမ်တွေကြားပုန်းခိုနေသောလမင်းကြီးသည်ပင်မမြင်လိုက်ရပေ။
နေ့လည်ဘက်လောက်ရောက်မှဟိုဘက်အိမ်တွေဆီရောက်ကြသည်။ပင်ပန်းလွန်းလို့ရောက်ရောက်ချင်းအိပ်လိုက်ကြတာညနေစောင်းလောက်မှနိုးကြလေသည်။
