Ep-4

250 38 2
                                    

အခုတစ်​လောmindသည်ဒီဘက်သိပ်မလာသဖြင့်geminiနဲ့fourthနှစ်​ယောက်ထဲသာဖြစ်​နေသည်။​နေ​ကောင်းပြီးမှmindသည်အိမ်​တော်ကိုလဲမကပ်သလိုဒီဘက်ကိုလဲမလာ​ပေ။​သေချာသည်ကမုန့်ဖိုပိုင်ရှင်၏သမီးဆီသွားတာဖြစ်လိမ့်မည်။

အခုရက်ပိုင်းမှgeminiသည်သိပ်ကိုအသားယူလာသည်။ပိုင်ဆိုးပိုင်နင်းနဲ့ခါးကိုဖက်တာ​တွေ၊ပါး​တွေကိုနမ်းလာ​တာ​တွေသိပ်ကိုပင်။ပါးကိုအနမ်းခံရပြီးတည်းကfourthတစ်​ယောက်geminiနဲ့အ​တွေ့မခံတာပင်။အနမ်းခံရတုန်းကမျက်နှာကြီးပူလာလို့​ရေစိမ်ထားရတာအခုလဲ​တွေးမိတိုင်းပူလာတာမို့အိမ်​တော်ကလူ​တွေကfourthကို​နေမ​ကောင်းတာလားလို့​တောင်​မေးယူရသည်။

Fourthစိတ်ထဲ​နှောက်ကျိ​နေသည်။geminiနဲ့​တွေ့ရင်အသက်ရှူမြန်လာသလိုနှလုံးခုန်​တွေလဲမြန်လာတတ်သည်။ဒါသူများ​တွေ​ပြောသလိုရင်ခုန်ခြင်းလား။ရင်ခုန်တယ်ဆိုတာအဲ့လူကိုကိုယ်ကကြိုက်တာဒါမှမဟုတ်ချစ်မိသွားတာ​ကြောင့်တဲ့။

အကယ်၍fourthသာgeminiကိုချစ်မိသွားရင်​သေချာသည်ဒါဟာမဖြစ်နိုင်​ပေ။သူကအရှင်တစ်ပါးဖြစ်ပြီးကိုယ်က​တော့ကျွန်တစ်​ယောက်။အချိန်တန်geminiသည်မျိုးရိုးမြင့်သခင်မ​လေးတစ်ဦးနှင့်လက်ဆက်ရမည်။အဲ့သူကလဲfourthရဲ့သူငယ်ချင်းတဖြစ်လဲmindဖြစ်​နေပြန်သည်။

ဟို​နေ့ကသခင်ကြီးနဲ့သခင်မကြီးတို့​ပြောသံကြားရတာဒီရက်အတွင်းgeminiကိုmindနဲ့​စေ့စပ်ထားမယ်ဟုပင်။​စေ့စပ်ထားရင်အဲ့လူနှစ်​ယောက်ကယူကိုယူရမဲ့အ​ခြေ​နေ။ဒီ​ခေတ်တွင်​စေ့စပ်ထားသည့်လူနှစ်ယောက်တွင်ဘယ်သူ့ဘက်က​စေ့စပ်ထားသည်ကိုဖြတ်လျှင်တရားဆွဲနိုင်သည့်အထိ​စေ့စပ်ခြင်းကအ​ရေးပါလှသည်။mindမိဘ​တွေကလဲလက်ခံသည့်ပုံ။

မချစ်သင့်တဲ့လူကိုချစ်မိရင်​နောင်လာမဲ့အကျိုးဆက်ကဘယ်လိုဆိုတာfourthသိပါသည်။ဒီတိုင်း​လေးပဲသူများအပိုင်မဖြစ်ခင်အထိfourthက​တော့​ငေးကြည့်ခြင်းနဲ့သာတင်းတိမ်နိုင်ရမည်မဟုတ်လား။
____________________

"သခင်မ​လေးကိုမိဘ​တွေကအရှင်geminiတို့အိမ်လာခဲ့ဖို့မှာထားပါတယ်"
Geminiတို့အိမ်​ရှေ့ကမဖြတ်ခင်တံခါး​စောင့်က​ပြော​တော့geminiနဲ့mindမျက်ခုံးတွန့်ချိုးမိ​တော့သည်။ဘာအ​ကြောင်း​ကြောင့်များလဲ။

PompeiiWhere stories live. Discover now