Ep-2

344 50 19
                                    

Geminiသည်လူပျို​ဖော်၀င်ကာစအရွယ်​ရောက်လာ​တော့ကိုယ်ခံပညာများကိုသင်ယူရသည်။တုတ်၊ဓါး၊လှံ၊မြှားစသည်တို့ကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်အတွက်ပင်။အကယ်၍စစ်ပွဲများဖြစ်လျှင်အကူညီရရန်အတွက်ဖြစ်​ချေသည်။

Gemini၏​​ခြေ​ထောက်များ၊လက်သွယ်သွယ်​လေးများတွင်ဒဏ်ရာ​တွေသည်မလိုက်ဖက်နိုင်​အောင်ရှိသည်။fourthသည်geminiကို​ခြေ​ဆေး​ပေးရန်အတွက်အရင်လို​ရေ​အေး​အေး​လေးနဲ့မဟုတ်ဘဲ​ရေကိုအနည်းငယ်အပူ​ပေးကာ​ရေ​နွေး​နွေး​လေးနဲ့​ဆေး​ပေးရသည်။

အရင်လို​ခြေ​ထောက်​ဖွေး​ဖွေးနုနု​လေးသည်အခုများ​တော့အမာရွတ်များဖြင့်မလိုက်ဖက်ပါ။fourthမှာ​တော့geminiဒဏ်ရာများကိုမြင်​နေရတာအဆင်​ပြေမ​နေ။အခုလဲ​ရေထိ​တော့စပ်​နေတာ​ကြောင့်အံကြိတ်​နေရ​သောgemini​ကြောင့်fourthမှာအရင်ကထက်နူးနူးညံ့ညံ့​လေး​ဆေး​ပေး​နေရသည်။သက်ပြင်း​မောသာချမိပါ​တော့သည်​လေ။

အိမ်တွင်းစီး​ကောက်ရိုး​ဖိနပ်ကိုလဲမစီးနိုင်သဖြင့်fourthတစ်​ယောက်အ၀တ်စအဖြူလေးကိုဖိနပ်​တွင်တပ်ကာချုပ်​ပေးထားရသည်။သူgeminiကိုသနား​ပေမဲ့ဒါကတာ၀န်​တွေပဲမလား။ဟူး.....

မီးဖိုခန်းထဲက​နေ​ရေ​နွေး​နွေးထည့်ထားသောဇလုံနဲ့အ၀တ်ဖြူတစ်ခုယူကာgeminiအိပ်​ဆောင်ဆီသွားရသည်။

"အရှင်ဒဏ်ရာ​တွေ​ဆေး​ကြောဖို့အတွက်​ရေယူလာတယ်"
အခန်း၀ကလိုက်ကာစကိုမဖယ်​သေးပဲအသံပြုမိသည်။geminiအသက်16​ရောက်လာ​တော့အိမ်​တော်မှာအကုန်လုံးကအရှင်လို့သာ​ခေါ်ကြရသည်။သခင်ကြီးနဲ့သခင်မကြီးတို့အမိန့်​ပေါ့။

"၀င်လာခဲ့​လေfourth"

​ရေဇလုံကိုပိုက်ထားကာ​ခေါင်းငုံ့အရို​သေပြုလိုက်သည်။

"အင်္ကျီချွတ်လိုက်မလားအရှင်။​ရေပတ်တိုက်​ပေးမလို့ပါ"

"အာ...ငါတို့နှစ်​ယောက်ထဲရှိချိန်ဆိုgemလို့ပဲ​ခေါ်ပါဆို။လာ...အင်္ကျီကူချွတ်​ပေးအုံး"

"ဟုတ်ပါပြီ..အ..ရှင်.."
ဒိုက်ကနဲကျ​ရောက်လာ​သောမျက်​စောင်းကြီး​ကြောင့်အမြန်ပြန်ပြင်​ရသည်။

PompeiiWhere stories live. Discover now