p(1)

1.6K 46 10
                                    

Unicode

"ခွမ်း! ! !......"

ဖန်ခွက်ကျကွဲသံသည် ဆူညံနေတဲ့ barအတွင်းမှာ သိပ်မကျယ်လှ။

သို့ပေမယ့်အနားနီးစပ်ရာ ဝိုင်းတွေကလူတွေ ကတော့ပြုံကြည့်လာကြသည်။

All black outfitဖြင့် ကောင်လေးသည် ဖန်ခွက်ကိုခွဲချလိုက်တာ မူးနေလို့တော့မဟုတ်။

တစ်ခေါင်းလုံးဖြူစွတ်နေသော ဆံပင်တွေသည် တော်ရုံလူတွေသာဆိုးရင်
ကြည့်ရတာ ကို့ရို့ကားယားဖြစ်နေနိုင်ပေမယ့်....ထိုကောင်လေး၏ခေါင်းပေါ်တွင်တော့ ကြည့်ရတာသိပ်အဆင်ပြေလှသည်။

ဆက်သောက်ရမလား...ဘာလုပ်ရမလဲ ဝေခွဲမရဖြစ်နေသော သူငယ်ချင်းတွေသည် ခဏကြောင်နေရာတွင်
ကောင်လေးကမျက်နှာချင်းဆိုင်ဝိုင်းက အနည်းငယ်ရုပ်ရင့်သောလူကိုလက်သီးလက်မောင်းတန်းကာ ထထိုးမယ်လုပ်တော့မှ ဝင်ဆွဲရကောင်းမှန်းသိကာ အတင်းကုန်းရုန်းထလာကြသည်။

အမှောင်ယံညရဲ့ ရောင်စုံမီးပြိုးပြိုးပျက်ပျက်အလှတွေနှင့် ခပ်မြူးမြူးသီချင်းသံတွေနဲ့ စည်ကားနေတဲ့ နာမည်ကြီးbarဆိုတဲ့အတိုင်း ပျော်ပါးဖို့လာကြတဲ့သူတွေသည် နယ်နယ်ရရတော့မဟုတ်။

"ဟေ့လူ.....ခင်ဗျားမျက်လုံးတွေကသိပ်ဘောင်ကျော်နေပြီ.....ကျုပ်ကြည့်နေတာအကောင်းမှတ်နေလား....."

သူငယ်ချင်းတွေ ဆွဲထားတဲ့ကြားက တစ်ဖက်ကလူကို လက်ညှိုးထိုးကာ
မာမာထန်ထန်ဖြင့် ပြောနေသော
ကောင်လေး၏မျက်ဝန်းတွေ
သည် အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်လို စူးစူးရဲရဲ။

"မင်းမူးနေရင်အိမ်ပြန်လိုက်တော့ ကောင်လေး....."

တစ်ဖက်ကလူ ကလည်းသူ့အားမတရားလာစွပ်စွဲနေသလိုပင် အေးအေးဆေးဆေး။

"ဘာကွ!.....ခွေးသူတောင်းစား....မင်းကြည့်တုန်းက အရသာခံပြီးကြည့်နေတာမဟုတ်ဘူးလား....မင်းယောကျာ်းမဟုတ်ဘူးလား....."

ကောင်လေး၏အသံသည် ဟိန်းခနဲ။
ဖြူဖွေးသော အသားအရည်ကြောင့် မျက်နှာသွယ်သွယ်မှာ ဒေါသအရှိန်ဖြင့် အနီဘက်သမ်းချင်နေသည်။

My Popular BoyfriendWhere stories live. Discover now