p(6)

187 6 2
                                        

Unicode

ဒီနေ့တွင် အတန်းထဲ၌ မေ့လောက်မှတစ်ခါပေါ်လာတတ်ကြသော လေတိမ်တိုက်လိုမောင်တစ်သိုက်နှင့် ၊မယ်တစ်သိုက်တို့ဖြင့်ပြည့်နှက်နေလေသည်။

အကြောင်းကတော့ ရှင်းပါသည်။ ဒီနေ့တွင် မေဂျာပေါင်းစုံဘောလုံးပွဲရှိသည်။

ဥပဒေနဲ့physis ပွဲပြီးရင် mathနဲ့Engပွဲရှိတာမို့ အခန်းထဲ​တွင် ကျောင်းတက်မမှန်ဆုံးလူတွေရဲ့မျက်နှာတွေကို အံ့သြမှင်သက်သဖွယ်တွေ့မြင်နေရသည်။

ထိုကိုယ်ပျောက်လူသားတွေထဲတွင် ဇွဲတို့၏ အချစ်တော် သူငယ်ချင်းကောင်း ယောင်းမကြီး အိုင်စီအီး(မင်းထက်လွှမ်းမိုး)ကိုလည်းတွေ့ရသည်။

ခါတိုင်း ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေသလဲ မည်သူမျှမသိရသော်လည်း ဘောလုံးပွဲနေ့နှင့် tutorial ဖြေတဲ့နေ့တွေတွင်တော့ ပေါ်လာတတ်သည်။

"ဘောမင်းသားကြီးလာပြီဟေ့....."

အာဗြဲစိန်က သူငယ်ချင်းဖြစ်သူကို
မဂ်လာအဖြာဖြာဖြင့် ပြည့်နှက်နေသောမူလ အသံပြဲကြီးနဲ့ ကြိုဆိုရှာသည်။

မင်းထက်လွှမ်းမိုး,က မေဂျာကိုယ်စားပြု လက်ရွေးစင် ဘောလုံးကစားသူဖြစ်သည်။

ခါတိုင်းအေးဆေးနေတတ်သော လွှမ်းမိုး,သည် ကွင်းထဲရောက်လျှင်လည်း အေးအေးဆေးဆေးပင်ကစားသည်။အရပ်ရှည်တဲ့ကောင်မို့လို့ ပွဲထဲတွင် ထင်းနေသူကြီးဖြစ်သည်။
ဘောလုံးက လွှမ်းမိုးခြေထောက်ထဲရောက်သွားလျှင် ပြန်လုဖို့မလွယ်ကူပေ။

ခြေတံရှည်ကြီးတွေကို လွှားခနဲ၊လွှားခနဲဖြင့် ကွင်းထဲလှည့်ပတ်ပြေးပြီး တစ်ဖက်အသင်းက လူတွေကိုမမော၊မောအောင် အကျင့်လေးယုတ်တတ်သေးသည်။

သူငယ်ချင်းလေးယောက်ထဲ လွှမ်းမိုးနဲ့ရန်ပိုင်သစ်သည် ခြောက်ပေကျော်တွေချည်းဖြစ်သည်။အာပြဲစိန်ကလည်း အသံပြဲသလို အရပ်ကလည်းမသေး။
ခြောက်ပေအတိနဲ့ကို ဇွဲကို အဖွဲ့ထဲအရပ်အပုဆုံးလူအဖြစ် နာမည်တွင်စေခဲ့တာဖြစ်သည်။

ဇွဲ,၏အရပ်သည် ငါးပေ,ကိုးလက်မသာရှိသည်။ရုပ်လေးအင်မတန်ချောပြီး ကိုယ်လုံး၊ကိုယ်ပေါက် ကgymကစား၍ ကျစ်လစ်တောင့်တင်းသော်လည်း အရပ်သည် အားဆေးဘယ်လောက်သောက်သောက် ငါးပေကိုး ကနေတက်မလာခဲ့ပေ။

My Popular BoyfriendDove le storie prendono vita. Scoprilo ora