Unicode
မျက်နှာပေါ်ငိုက်ကျနေသော ဆံပင်ပျော့တွေကို လက်ချောင်းသွယ်တွေနဲ့ထိုးဖွကာ အခန်းထဲဝင်လာတဲ့ကောင်ကို
သံသာတေး မျက်လုံးမှေးကာ အာရုံစိုက်ကြည့်နေမိသည်။နှုတ်ခမ်းလှလှတွေတည်တင်းနေပုံအရ
ဒီကောင် လမ်းမှာအာရုံနောက်စရာနဲ့တိုးလာမှန်း သံသာတေးသိလိုက်သည်။"နောက်ကျတယ်နော်....."
မိမိရဲ့ဘေးမှာ ဝင်ထိုင်သော ထိုကောင်လေးကို သံသာပြုံးစစနဲ့မေးလိုက်သည်။
"အင်း.....လမ်းမှာမတော်တဆဖြစ်သွားလို့...."
"ဘာ!....မင်းဘာဖြစ်သွားသေးလဲ!...ကားနဲ့လား၊ဆိုင်ကယ်နဲ့လား...."
ရင်ထဲပူကနဲဖြစ်သွားမှုနဲ့အတူ နေချို့ကို ခေါင်းစခြေအဆုံးကြည့်ကာ မိမိမှာ ပြာယာခတ်သွားပါသော်လည်း ကာယကံရှင်ကတော့ အေးအေးလူလူသာထိုင်နေရင်းမေးလာသည့် စကားကြောင့် သံသာ့ရင်ထဲဆစ်ခနဲ။
"ခွန်းလွှာရော...မလာဘူးလား...."
အချစ်ဦးကိုသတိတရမေးနေတော့လည်း ကြည့်ရတာဘာမှမဖြစ်သေးဘူးထင်ပါရဲ့။သံသာ,ကသာထိုကောင်နဲ့ပတ်သတ်ရင် အစိုးရိမ်ပိုနေမိတာ။
"ငါကဘယ်လိုလုပ်သိမှာလဲ...မင်းကိုဖုန်းမဆက်ဘူးလား..."
"အင်း....မနေ့ကတည်းကမဆက်တာ"
"အော်...."
"ဒါနဲ့ငါပြောတဲ့မတော်တဆဆိုတာက...လူတစ်ယောက်နဲ့ဝင်တိုက်မိတာပါ...မင်းစိတ်ပူမနေနဲ့...."
ခွန်းလွှာချို လို့မှတ်ထားတဲ့ ဖုန်းcontactကိုရိုက်ရှာနေရင်း ပြောလာသည့် နေချို့ကို သံသာငေးကြည့်မိသည်။
နေချို့မျက်လုံးတွေက သံသာ့ဆီမှာရှိမနေသော်လည်း ဘေးတိုက်မြင်နေရသော မျက်တောင်စင်းစင်းတွေက သံသာ့ရဲ့ အိမ်မက်တွေထဲမှာဆို ထိတွေ့ကြည့်လို့ရသည်။
သို့သော်....တကယ့်လက်တွေ့က နေချို့မျက်နှာအစိတ်အပိုင်းတွေသည် ငေး
ကြည့်နေရုံသာ တတ်နိုင်သည်။သိလားနေချို.....ငါညကလေအိမ်မက်ထဲမှာ မင်းပါးလေးကိုထိကြည့်ခဲ့သေးတယ်....ဘာလို့လည်းမသိပေမယ့်...အိမ်မကထဲကမင်းရဲ့အပြုံးတွေကိုငါပိုသဘောကျတယ်။
