p(5)

172 10 2
                                        

Unicode

မနက်ခင်းတိုင်းတွင် နေချိုကျောင်းမသွားခင်တွင် အလုပ်ကိုအစောကြီးထွက်သွားတတ်သော အမေကြောင့် အိမ်တွင်တစ်ယောက်တည်းမနက်စာမစားချင်၍ နေချိုသည်ကျောင်းနားက ဆိုင်တွေမှာသာ လွယ်ကူတာတစ်ခုခုဝယ်စားတတ်သည်။

သကြားတို့၊နို့တို့ မပါဝင်သော ကော်ဖီခါးတွေကို နေချိုသိပ်နှစ်ခြိုက်သည်။
ကော်ဖီပူတွေသည် နေချို့မနက်ခင်းတွေကို နွေးထွေးစေသည်။နေ့တိုင်းမသောက်ဖြစ်ပေမယ့် မနက်ခင်းအများစုကို ကော်ဖီခါးခါးတွေနဲ့သာ စတင်မိသည်။

ဒီနေ့တွင်အတန်းချိန်သိပ်မရှိ၍ အပျင်းကြီးသော နေချို့သူငယ်ချင်းလေးကကျောင်းမလာပေ။တခြားသူတွေကတော့ ဘယ်ရောက်နေကြလဲ နေချိုမသိပေ။

ကျောင်းကန်တင်းထဲဝင်ကာ အအေးဆိုင်ရှေ့၌ ကော်ဖီဝယ်ရန် နေချိုတန်းစီလိုက်သည်။မနက်ပိုင်းအတန်းတော်တော်များများက အားလပ်တဲ့အချိန်ဖြစ်နေ၍ ကန်တင်း၌လူကများသည်။

counterကအစ်မက နေချို့ကိုမြင်တာနဲ့ပြုံးပြကာ

"hot americano ပဲလားမောင်လေး..."

ထိုတစ်မျိုးသာ နေ့တိုင်းဝယ်တတ်သော နေချို့ကို ထိုအစ်မလည်းသတိထားမိ
နေတာဖြစ်သဖြင့် မေးလိုက်တာဖြစ်သည်။

နေချိုခေါင်းငြိမ့်ပြကာ ပိုက်ဆံရှင်းပြီး
ကန်တင်းထဲကပြန်အထွက်။

မျက်နှာစိမ်းလူတစ်ယောက်နဲ့ ခွန်းလွှာချိုကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကျုံ့မိသွားသည်။

ခွန်းလွှာချို,ကအပြာနုရောင်မြန်မာဝမ်းဆက်လေးနဲ့ သိပ်ချစ်ဖို့ကောင်းနေသည်။

ကျောလယ်ထိရှည်သော အနက်ရောင်ဆံနွယ်ခွေလိပ်လိပ်တွေကို အဝေးကလှမ်းကြည့်နေရင်း နေချိုစိတ်တိုလာခဲ့သည်။

ခြေလှမ်း ခပ်ကျဲကျဲလျှောက်လှမ်းကာ ထိုနှစ်ယောက်အနောက်လိုက်သွားမိသော်လည်း နေချို့ရှပ်အင်းကျီအဖြူစကို တစ်စုံတစ်ယောက်ကလှမ်းဆွဲလိုက်သည်။

ဘယ်ကောင်လှမ်းဆွဲရဲတာလဲဟု ရန်တွေ့ရန် မျက်နှာတည်ကာ နောက်ပြန်လှည့်ကြည့်မိတော့ ကိုယ့်အား မချို
မချဥ်မျက်နှာနဲ့ မော့ကြည့်ကာပြုံးပြနေသော ကော်ဖီကိုဝင်တိုက်တဲ့အစ်ကိုဖြစ်နေသည်။

My Popular BoyfriendWhere stories live. Discover now