p(2)

392 23 12
                                        

Unicode

"ကျနော်က gay......"

"သား!...."

"ဇွဲငယ်......"

"မြေးလေး......."

"ဟေ့ကောင်!......"

ဧည့်ခန်းထဲက မိသားစုဝင်တွေထံမှ တစ်ယောက်တစ်ပေါက်အသံတွေက ထိတ်လန့်တကြား သရဲခြောက်ခံရသကဲ့သို့ ပေါ်ထွက်လာခဲ့သည်။

အားလုံးရဲ့ တရားခံကတော့ ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲထိုင်နေကာ ပီကေဝါးမပျက်။

"မင်းကိုဒီလိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်မွေးခဲ့တာ....ခွေးဇာတ်ခင်းဖို့မဟုတ်ဘူးကွ!...."

မယုံကြည်နိုင်တဲ့မျက်နှာကြီးဖြင့် မျက်နှာကြီးနီကာ သူ့အားလက်ညှိုးငေါက်ငေါက်ထိုးပြီး မာန်မဲနေသော
ဒယ်ဒီ့ကို သူလျစ်လျှူရှု့ထားလိုက်သည်။

ဒယ်ဒီ စိတ်ဆိုးလည်းဆိုးချင်စရာပေမဟုတ်လား။သူက ဆယ်ကျော်သက်အရွယ် သစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အရွယ်ကစပြီး....ခပ်ချောချောနဲ့နူးညံ့တဲ့ ကောင်လေးတွေကိုစပြီးရင်ခုန်ခဲ့တာ။

ရွယ်တူသူငယ်ချင်းတွေ ဘယ်ကောင်မလေးကဘယ်လောက်လှကြောင်း ဆွေးနွေးနေတဲ့အချိန်...၊
ဇွဲလျှံဘုန်းခ တို့က ပန်းကလေးလိုလှတဲ့ကောင်လေးတွေနဲ့ ထည်လဲတွဲနေခဲ့ပြီ။

ချစ်တယ်ရယ်၊ကြိုက်တယ်ရယ်မဟုတ်၊ဇွဲတို့က တစ်ယောက်ပြီးရင်၊နောက်တစ်ယောက်ကိုတွဲဖို့ စိတ်အားထက်သန်နေပြီ။

အဲ့လိုတွဲရတာကိုက ဇွဲရဲ့ရင်ထဲကအပျော်တစ်ခု။

ဘယ်လောက်ဖြောင့်ဖြောင့် ဇွဲရဲ့ target၊ဇွဲရဲ့typeဆိုရင် ဇွဲတို့က ရေမြေဆုံးထိရအောင်လိုက်ပြီးသား။ဖြောင့်ခဲ့သမျှကောင်တွေလည်း ဇွဲလက်ချက်နဲ့gayသွားတာတွေချည်းပဲ။

အဲ့ဒီတော့....
gayတောင်မှ ဇွဲလျှံဘုန်းခ,က gayတို့ရဲ့ဖခင်ကြီး super gayလို့ပြောလို့ရတယ်။

အခုကလည်း cafeဆိုင်တစ်ခုမှာ ဇွဲရဲ့အသစ်စက်စက်ဘဲလေးနဲ့ dateမှာနမ်းနေတုန်း မာမီက မြင်သွားတာကနေ တစ်အိမ်လုံး အုတ်အော်သောင်းနင်းဖြစ်သွားကြတော့တာပါပဲ။

My Popular BoyfriendDonde viven las historias. Descúbrelo ahora