unicode
"when i get older i'll be stronger....they call me freedom......just like the waving flags..... "
"Waving flags...... ohh....ohhh...ohhohhohoh...."
သီချင်းသံသည် ဘောလုံးကွင်းတစ်ခုလုံးပျံ့လွင့်နေကာ ကျောင်းသား၊ကျောင်းသူတွေသည် ပျော်ရွှင်တက်ကြွစွာ အော်ဟစ်အားပေးနေကြသည်။
"Yayy....E major!...Emajor!..."
နှစ်ဖက်စလုံးက ပရိတ်သတ်တွေသည် ကိုယ်မေဂျာကိုယ်အပြိုင်အော်ဟစ်အားပေးနေကြသည်။
ဇွဲလျှံဘုန်းခ ဆိုတဲ့ ဇွဲတစ်ယောက်လည်း ညီလေးနာမည် လွတ်လွတ်လပ်လပ်အော်ပြီးအားပေးနိုင်အောင် အစောကပင် Emajorဘက်အခြမ်းသို့ ကူးသွားခဲ့ပြီဖြစ်သည်။
mathတွင် အာဗြဲစိန်တစ်ယောက်သာ
စူပုတ်ပုတ်နဲ့ကျန်နေခဲ့သည်။ပွဲစဥ်သည်သိပ်မကြာလိုက် 2ဂိုး1ဂိုးနဲ့ E majorက ဆီမီးfinalကိုတက်ခွင့်ရသည်။
"အာ...မောလိုက်တာကွာ...."
အဖြောင့်ကြီးက ချွေးတွေရွှဲနေသော အပေါ်အင်းကျီကိုချွတ်ကာ ရေကိုအငမ်းမရသောက်ရင်းပြောသည်။
မင်းထက်လွှမ်းမိုး တစ်ယောက်ကတော့ ကောင်မလေးတစ်အုပ်လာပေးသွားသော စုံပလုံစိအထုတ်တွေထဲကနေ ရေနဲ့တူတဲ့အရာကိုသဲကြီးမဲကြီးရှာနေသည်။
"ဟို...."
ရှည်မြောမြောနဲ့ဘောလုံးသမားနှစ်ယောက်ကြား အသံတိုးတိုးနဲ့ရုတ်တရက်ကြီးရောက်လာသော ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကြောင့် အဖြောင့်ကြီးရော လွှမ်းမိုးရော အူကြောင်ကြောင်။
ကောင်လေး၏ပုံစံသည် မြှီးကောင်ပေါက်ဆယ်ကျော်သက် ကလေးဖြစ်သည်။
အသားခပ်ဖြူဖြူ၊မျက်မှန်ဝိုင်းလေးနဲ့ တရုတ်ပေါက်ကလေးဖြစ်သည်။
ထိုကောင်လေးသည် လွှမ်းမိုးကို မရဲတရဲကြည့်နေကာ အဖြောင့်ကြီးကိုတော့ အပြုံးပိစိလေးပေးသည်။
"ကျွန်တော်ဒါလေး....လက်ခံပေးပါခင်ဗျ!!....."
ထိုတရုတ်ပေါက်သည် လွှမ်းမိုးလက်ထဲသို့ ရေသန့်ဗူးကြီးတစ်ဘူးထိုးထည့်ပေးသွားပြီး ကို့ရို့ကားယားအပြုံးကြီးပြုံးပြကာ အလျှင်စလိုပြေးထွက်သွားလေသည်။