p(7)

166 5 6
                                        

Unicode

ကွင်းထဲရောက်လာတော့ များပြားလှတဲ့လူတွေအကြား ဇွဲ,တစ်ယောက် ကျီးကန်းတောင်းမှောက်လိုက်ရှာကြည့်သော်လည်း ကိုယ်တော်ချော ကိုမတွေ့ပေ။

မျက်လုံးတွေမူးနောက်အောင် ရှာနေရသဖြင့် ဇွဲ,အားပျက်လာသည်။
ပွဲကြည့်ပရိတ်သတ်တွေကြား လွတ်တဲ့နေရာ၌သာ ဝင်ထိုင်လိုက်ပြီး စိတ်ကိုလျှော့ချလိုက်ကာ ဖူးခနဲသက်ပြင်းရှည်ကြီးချလိုက်သည်။

"ဟဲ့...အဲ့တစ်ယောက် စောနက မျက်လုံးပြူး၊မျက်ဆံပြူးနဲ့ဘာဖြစ်တာလဲမသိဘူးနော်..."

"အေးဟ...ငါအစကလန့်သွားတာပဲ...မဟုတ်မှ သူ,ခါးပိုက်နှိုက်ခံရတာတော့မဟုတ်ဘူးမလား..."

ရုတ်တရက်ကြီး ဇွဲ၏ဘေးက ကြားလိုက်ရသော မိန်းကလေးနှစ်ယောက်၏ စကားသံတွေကြောင့် ဇွဲ,ကိုယ်လေးဟာ မသိမသာကျုံ့သွားရသည်။

ပြီးနောက် ကွင်းထဲက အင်းကျီအရောင်စုံနဲ့ဘောလုံးသမားတွေကို ဇွဲ,တစ်ချက်လှမ်းကြည့်ကာ စိတ်ထဲကနေ မြင်မြင်ချင်းအချစ်ကလေးကို တမိသွားသည်။

ညီလေးရေ....ညီလေးရဲ့...ငါ,တစ်ယောက်လည်း တွဲခဲ့သမျှဘဲလေးတွေထဲ ဒီညီလေးနဲ့မှ တွေ့တော့တာပဲ။

ချေမိုးခဲ့သမျှတွေ၊ပလေးခဲ့သမျှတွေကို ညီလေးကများ အစားပြန်ချေဖို့ ငါ့ဆီရောက်လာခဲ့သလားပဲနော်?...။

"အမလေး....ငါထင်တယ်...ဒင်းကိုဒီမှာ ဒီလိုကြီးတွေ့ရမယ်ဆိုတာ....ငါထင်ကိုထင်နေတာ...."

အာဗြဲစိန်,က ဇွဲ၏ဘေးက ခုံအလွတ်တွင်ဝင်ထိုင်ရင်းပြောသည်။

လက်ထဲကိုင်ထားသော အအေးဘူးအိတ်ထဲက asiaပင်မှည့်ဘူး ငလက်မလောက်လေးကိုလည်း ထုတ်ကာ...ချစ်လှစွာသော crushပူမိနေတဲ့ သူငယ်ချင်းကြီး၏ ဘူနေသော မျက်နှာရှေ့သို့ အာဗြဲစိန်ထိုးပြလိုက်ရင်း...

"အမောပြေလေး...သောက်အုံးမလား...asiaမှာပင်မှည့်....ပင်မှည့်မှာ asiaတဲ့..."

"စေတနာကြီးကသောက်ရမ်းကြီးမားတာပါလားကွာ....အဲ့ပင်မှည့်ကိုမင်းဖင်ထဲထိုးထည့်လိုက်ဟျောင့်...."

ညီလေးကို မမြင်ရသေးလို့ စိတ်ညစ်နေတဲ့အထဲ မျက်ခွက်လာပြောင်နေသော သူတောင်းစားကို ပယ်ပယ်နယ်နယ်ပိတ်ဆဲချင်စိတ်အား မနည်းဖျောက်ရင်း ဇွဲ,တစ်ယောက် အံကြိတ်ပြောလိုက်သည်။

My Popular BoyfriendDonde viven las historias. Descúbrelo ahora