အပိုင်း11

23 4 0
                                    

ဂျင်ယောင်းတို့အားလုံးအပြင်ကိုထွက်ရန်ပြင်ဆင်ကြသည်။

"အဆင်သင့်ဖြစ်ရင်သွားမယ်"
(ယူလ်ရီ)

ယူလ်ရီကပြောပြီးလက်နက်ကိုင်ကာ တံခါးကိုဖြည်းဖြည်းချင်းဖွင့်ပြီးအပြင်ကိုအရင်ကြည့်သည်။ 7နာရီကျော်နေပြီဖြစ်သောကြောင့်အပြင်တွင်မှောင်နေပေပြီ။ ဇွန်ဘီတွေလည်းသိပ်မရှိတာမို့အပြင်ကိုထွက်လို့ရသည်။ ထို့ကြောင့် ယူလ်ရီ ခေါင်းထွက်နေရင် အထဲကနေလက်ဟန်နဲ့ထွက်ခဲ့လို့ပြောလိုက်သည်။

အပြင်ကိုရောက်တော့ နာအွန်ကဓာတ်လှေကားဆီသွားသည်။

"ဟဲ့ ဘာလုပ်တာလဲ"

ဟျွန်းဂျွန်ကကြားရုံမျှလေသံနှင့်ပြောလိုက်သည်။

"ဒါနဲ့တက်မှ အပေါ်အမြန်ရောက်မှာပေါ့ဟ"
(နာအွန်)

ဟျွန်းဂျွန် ကိုယ့်နှဖူးကိုပြန်ရိုက်လိုက်ပြီး နာအွန်အနားကိုသွားကာ ဂုတ်ကနေဆွဲပြီးပြန်ခေါ်လာခဲ့သည်။

"စောက်ရူးရေ နင်မသိရင်လည်းငြိမ်ငြိမ်နေပါဟ အကုန်လုံးသေကုန်တော့မှဘဲ"
(ဟျွန်းဂျွန်)

ဂျွတ်

ဟျွန်းဂျွန်အအေးဗူးခွံကိုတတ်နင်းမိသွားသည်။ အသံဟာပုံမှန်ဆိုရင်သိပ်မကျယ်ပေမဲ့ ဒီလိုတိတ်ဆိတ်လွန်းလှသည့်နေရာအတွက်တော့ အတော်လေးကျယ်လှသည်။

အသံများကြားနေရသည်။ ခြေသံတွေ ဇွန်ဘီများ၏အော်သံတွေ

"သူတို့လာနေပြီ"
(ဆဲအွန်)

"ပြေးးး"
(ဂျင်ယောင်း)

အာလုံးပြေးကြသည်။ ယူလ်ရီကဟျွန်းဂျွန်ကိုလက်တွဲ ဆဲအွန်နဲ့နာအွန်တို့ကတစ်တွဲ ဆူးကီကယူမီကိုချီဒါအင်းလက်ကိုကိုင်ကာတစ်တွဲ ဂျင်ယောင်းကဒိုယွန်းကိုချီကာ ပြေးကြလေသည်။

အရှေ့ကိုပြေးသည်။ အပေါ်ကိုတတ်သည်။ လှေကားတွင်လည်းဇွန်ဘီများကိုတွေ့ရသည်။ အရှေ့ကနေ ယူလ်ရီ ဆဲအွန်နဲ့ ဂျင်ယောင်းတို့က ကာပြီးချသည်။ အနောက်ကတတ်လာသည့်ဇွန်ဘီများကို ဟျွန်းဂျွန် နာအွန်နဲ့ ဆူးကီတို့က ကာပြီးချသည်။

"အဲ့ ရဲတွေရောက်မလာသေးဘူးလား!!"
(ဟျွန်းဂျွန်)

"ထွက်သွား! ရှီးဘာလ်!"
(နာအွန်)

The VirusesWhere stories live. Discover now