ထောင့်နားက sofaခုံကလာတဲ့ မသိသာသည့် စူးစူးစမ်းစမ်းအကြည့်တို့က ခန်းမကျယ်ကြီးထဲမှာ ဝေ့လည်နေခဲ့သည်။ မျက်လုံးလေးတွေအတွင်းက ခနဲ့တဲ့တဲ့ ပြုံးယောင်သန်းသန်းမို့ ကျီစယ်၍ ကြည့်နေသယောင်။
ဟောခန်းမကြီးသည် အလွန်ကျယ်ပြန့်ပြီး ခမ်းနားလှသည်။ သစ်လွင်ကာ တောက်ပြောင်လွန်းနေတာကြောင့် ဘယ်နေရာကြည့်ကြည့်၊ ဘယ်ပစ္စည်းကို ကြည့်ကြည့်၊ ဘယ်အဆောင်အယောင်ကို ကြည့်ကြည့်၊ ကြည့်လိုက်တာနဲ့ ထိုအရာတွေက ဈေးကြီးမြင့်တယ်ဆိုတာ အများကြီး တွေးတောနေစရာမလိုပေ။
ထို့အပြင် ခန်းမကျယ်ကြီးထဲတွင် ပါတီပွဲကို လာတက်ရောက်ကြတဲ့ သားသားနားနား ဝတ်ဆင်ထားသော လူချမ်းသာများစွာ ပြည့်နှက်နေသည့်အနက် ယောင်္ကျားသားများမှာ သုံးလေးယောက်စီ စုပြီး စီးပွားရေး အဆက်အသွယ် စကားလမ်းကြောင်းများ ပြောဆိုဆွေးနွေးနေကြသည်။
သက်လတ်ပိုင်းအမျိုးသားအချို့၏ မျက်နှာတွင် အပြုံးချိုချိုတို့ကို ချိတ်ဆွဲထားပြီး သူတို့ရှေ့က လူတွေကို မြှောက်ပင့်၍ တရင်းနှီးနှီး စကားပြောဆိုနေကြ၏။ ထိုသို့ပင် တစ်ဖက်က အမြှောက်ပင့် ခံနေကြရတဲ့ လူတွေမှာလည်း အထင်သေးဟန် အကြည့်များနှင့် ပီတိဝေဖြာပြီး ကျေနပ်နေကြသည်။
အရေအတွက် တစ်ခုမျှထိရှိသော အမျိုးသမီးတို့ကလည်း လူပုံအလယ်၌ ဝတ်ဆင်ထားကြသည့် လှပပြီး ဂုဏ်သရေရှိရှိ ဝတ်စုံများနှင့်အညီ၊ ခန္ဓာကိုယ်ပေါ်မှာ ဆင်ယင်ထားတဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာတို့နှင့်အညီ ကြော့မော့စွာ ပြုမှုနေကြကာ သူတို့မျက်နှာများထက်၌ မော်ကြွားဟန်တို့ ရှိနေပေသည်။
ချမ်းသာမှုခေါင်းစဉ် ရှိပေမယ့် အလွန်အမင်း ဂုဏ်ပြုမြှောက်ပင့်မှုတို့အား မနှစ်သက်ပဲ ပုံမှန်အတိုင်း မိတ်ဖြစ်ဆွေဖြစ် စကားပြောဆိုနေကြသည့် လူများလည်း ရှိကြပြီး ထိုသို့သော လူအရေအတွက်က အလွန်နည်းပါးလှ၏။
ကံဆိုးစွာပဲ ယခုအချိန် ကြယ်မာန်ရောင့်မျက်လုံးထဲမှာ ခန်းမတစ်ခုလုံးက လူများအားလုံးမှာ ပစ်မှတ်ထား ခံရနိုင်ချေရှိသည့် သိုးတွေသာ ဖြစ်နေသည်။ ဘာလို့ဆို သေးငယ်လှတဲ့ သူ့အတွေ့အကြုံအရတောင်မှ လူချမ်းသာတွေများလေ ပစ်မှတ်ထားခံကြရတဲ့ လူတွေများလေ ဆိုတာကို အသေအချာ ခန့်မှန်းနိုင်တာကြောင့် ဖြစ်သည်။
YOU ARE READING
Kyal's Mafia Husband [ BL OC // U & Z ]
ActionRoyal Vic Zame Zakhar + Kyal Mann Yaung || For those who like to read novels like translations, I recommend this one. || သတိပြုရန် - Fictionအတွင်း သွေးထွက်သံယိုအခန်းများပါဝင်၏။ ထိုသို့အခန်းများ၌ သွေးထွက်သံယိုစာသားတို့ကို Ssရိုက်ပြီး ဖြန့်ဝေခြင်းကို...