Part_9 [ Unicode ]

138 5 0
                                    

စိမ်းသက်နေသည့်အငွေ့အသက်ကြောင့် ကြယ်မာန်ရောင်မျက်လုံးဖွင့်ကြည့်လိုက်တော့ မရင်းနှီးသည့်နေရာကိုမြင်ပြီးဆက်ခနဲထထိုင်မိလိုက်၏။ သူ့လက်တွေက နက်စွေးစွေးချည်သားစောင်ကိုဆုပ်ကိုင်လျက်သား။ မနေ့ညကဘာဖြစ်သွားတယ်ဆိုတာပြန်စဥ်းစားကြည့်ရင်း ခေါင်းခြောက်သွားရသည်။

ဦးနှောက်ထဲမှပုံရိပ်များအရ သူကဦးစွာ တစ်ဖက်လူကိုသွားဆွလိုက်ခြင်း။ သူ၏ထိုကဲ့သို့မရိုးမဖြောင့်ဖြစ်ခဲ့သည့်ပုံစံနှင့်ဆို တစ်ဖက်လူက ကိုယ်ကျင့်သီလရှိသောalphaဖြစ်နေတာပဲ ကျေးဇူးတင်ရမည်။ ဒါပေမယ့် ညကအလွန်အကြူးအားနည်းဟန်ရသည့်တစ်ယောက်က တကယ်ပဲသူလား။ Omegaဆိုပေမယ့် သူတစ်ခါမှအဲဒီလောက်ထိအားမနည်းခဲ့ဖူးဘူး။

ပူထူနေသောသူ့ခေါင်းကို ဘယ်ညာခါယမ်းပြီးတော့ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သည်။ အခန်းတွင်းကပစ္စည်းများနှင့် အရာဝတ္ထုတွေဆိုတာ အနက်၊မီးခိုး၊အဖြူ စသောအရောင်များဖြင့်သာ။ သူ့ကိုပေးထားသောအခန်းနှင့်မတူညီဘဲ ကွဲပြားခြားနားတာက ဤအခန်းမှာအဆင့်တန်းအလွန်မြင့်ပုံရပြီး သီးသန့်ဆန်သည့်အငွေ့အသက်တစ်မျိုးဖြင့် ခမ်းနားထည်ဝါနေတာပင်။

Knock..Knock..Knock..

" ကြယ်လေး "

ဒေါ်ဒေါ်Anna၏မြန်မာစကားသံမှာ အခန်းထဲသို့အသံလှိုင်းအနေဖြင့် အခန်းအပြင်ကနေ အနေတော်ကျယ်ရုံမျှဝင်ရောက်လာသည်။

" ...... "

နေပါဦး ကြယ်လေး?? ဘာလို့ဒေါ်ဒေါ်က သူ့ကိုတစ်ခါတည်းကြယ်ငါးလို့ပဲ မခေါ်လိုက်တော့တာလဲ(๑°ㅁ°๑)

" ကျွန်တော်လာပြီ "

ပြောပြီးချက်ချင်း ကြယ်မာန်ရောင်ခုတင်ထက်ကခုန်ဆင်းကာ တံခါးသွားဖွင့်ပေးလိုက်သည်။ တံခါးပွင့်သွားပြီးနောက် ပေါ်လာသည့်ဒေါ်ဒေါ်Annaက လက်ထဲမှာငွေလင်ဗန်းတစ်ချပ်ကိုင်ထားလျက်နှင့်။ ဗန်းထက်က မတူညီသောစားစရာသုံးပန်းကန်ထံမှလည်း အငွေ့တထောင်းထောင်းထနေ၏။

ဒေါ်ဒေါ်Annaက သူ့ကိုကြည့်ကာ အံ့ဩသလိုအမူအရာခဏပြောင်းသွားပြီး ရုတ်တရက်ပဲနဂိုနွေးနွေးထွေးထွေးအသွင်သို့ ပြန်ပြောင်းသွားချေသည်။

Kyal's Mafia Husband [ BL OC // U & Z ]Where stories live. Discover now