" Mr.Zame.. "
" အခေါ်အဝေါ်ပြန်ပြောင်းသွားပါလား "
" ညကကျွန်တော်နည်းနည်းမူးနေလို့ပါ၊ ကျွန်တော်တောင်းပန်ပါတယ် "
" မင်းမူးနေတယ်ဆိုတာကိုယ်သိတာပေါ့၊ မဟုတ်ရင် ဘယ်လိုလုပ်ကိုယ့်နဖူးကိုနမ်းပြီး ထထိုးဖို့လုပ်မလဲ "
" Mr.Zame အဲဒါတွေကတကယ်မရည်ရွယ်ပါဘူးဗျ "
" ကြယ်.. "
တစ်ခါမှအခေါ်မခံရဖူးသည့် နာမည်အဖျားစွန့်နာမ်စားကြောင့် သူ့မျက်လုံးများမှာ ဝိုင်းစက်သွားရသည်။ ပြီးတော့ အဲဒီနာမ်စားကိုမှ ခေါ်သည့်သူ၏မျက်ဝန်းများကလည်း သူ့ကိုမျက်နှာမလွှဲနိုင်အောင် ပြုလုပ်နေသည်။
" ကိုယ့်ကိုZameလို့ခေါ် "
" ဟမ် "
နှုတ်ခမ်းအသာဟကာ အံ့ဩမှင်သက်သွားသည့်ကောင်လေးကို Zakharကြည့်ပြီး လက်လှမ်းကာ ကောင်လေး၏ဘယ်ဘက်ပါးကိုဆွဲညှစ်လိုက်သည်။ ဆန့်ကျင်ဘက်က အသားခပ်ဖောင်းဖောင်းကိုထိတွေ့မိသည်နှင့် သူ့လက်အားကို လျှော့ထားဖို့ကိုတောင် Zakharခေါင်းထဲအလိုအလျောက်ပေါ်လာခဲ့သည်။
" Zame.. ခေါ်ကြည့် "
" ..Zame..? "
" တော်တယ် "
Zakharကထိုသို့ဆိုကာ နှစ်ခြိုက်သွားပုံရပြီး ကြယ်မာန်ရောင့်ခေါင်းကို လက်ဖဝါးဖြင့် ထပ်၍အသာပုတ်လိုက်သည်။ ကြယ်မာန်ရောင်မှာတော့ သူ့မှာလူကြီးတန်မယ့် ပါးဆွဲညှစ်ခံလိုက်ရသည့်အပြင် ခေါင်းလည်းအပုတ်ခံလိုက်ရတာကြောင့် နားရွက်နှစ်ဖက်က ပူနွေးလာတာကို သတိမထားမိဘဲ မျက်မှောင်ကျုံ့ကာ မျက်စောင်းဝှေ့ရင်း ခန္ဓာကိုယ်ကို ထမင်းစားပွဲဘက် ပြန်လှည့်လိုက်သည်။ သို့သော် သူ့မေးစေ့က ထိကိုင်ခံလိုက်ရပြီး ပင့်တင်ခံလိုက်ရသည်။
" ကိုယ့်ကိုမျက်နှာလွှဲတာလား "
" ကျွန်တော်ကထိုင်ခုံပေါ်ကိုသေချာပြန်ထိုင်တာပါ "
" မင်းကိုယ်မေးထားတာမဖြေရသေးဘူးလေ "
တစ်ဖက်လူက သူ့မေးစေ့ကို လက်နှစ်ချောင်းဖြင့်ပင့်ကိုင်ထားရင်း သူ့မျက်နှာကိုငုံ့ကြည့်၍ စကားပြောနေသည်။ သူ့မျက်နှာထက် ခပ်မြင့်မြင့်ကမျက်နှာကြောင့် ပုံမှန်လို စိတ်ရှုတ်စရာကောင်းသည်ဟုပင် မတွေးအားတော့ဘဲ သူ့နားရွက်တင်မက ပါးနှစ်ဖက်ပါ ပူနွေးလာသလိုခံစားလိုက်ရသည်။ ဒါကြောင့် မသိစိတ်အရ သူ့လက်နှစ်ဖက်ကိုမြှောက်ကာ နားနဲ့မျက်လုံးတွေကိုပွတ်မိလိုက်၏။
YOU ARE READING
Kyal's Mafia Husband [ BL OC // U & Z ]
ActionRoyal Vic Zame Zakhar + Kyal Mann Yaung || For those who like to read novels like translations, I recommend this one. || သတိပြုရန် - Fictionအတွင်း သွေးထွက်သံယိုအခန်းများပါဝင်၏။ ထိုသို့အခန်းများ၌ သွေးထွက်သံယိုစာသားတို့ကို Ssရိုက်ပြီး ဖြန့်ဝေခြင်းကို...