Part_2 [ Unicode ]

521 20 0
                                    

ကြယ်မာန်ရောင်သည် Bar၏အနောက်ဘက်ပေါက်ကနေ အမြန်ဝင်လိုက်ပြီး အလုပ်သမားများနားနေခန်းက ထိုင်ခုံတစ်ခုကိုဆွဲကာ ဝင်ထိုင်လိုက်၏။ ထိုင်ပြီးချက်ချင်း သူ့မျက်နှာပေါ်က Maskကို မြန်မြန်ချွတ်လိုက်ပြီး နှုတ်ခမ်းပါးနှစ်လွှာကိုအသာဟကာ လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

Maskတပ်ထားခဲ့သည့် အပူဒဏ်ကြောင့် သူ့နားထင်ဘက်​တွေမှာ ချွေးစက်အနည်းငယ်စီးကျနေလေပြီ။ သူ့ခေါင်းကိုလှည့်ကာဖြင့် မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံက သူ့ညာဘက်လက်မောင်းက ဒဏ်ရာကို စောင်းငဲ့ကြည့်လိုက်၏။

COOFANDY Vestအနက်ရောင်နှင့် အဖြူရောင်Shirtတို့ တွဲဝတ်ထားတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် Shirtအင်္ကျီ၏ လက်မောင်း၌ ဓားဖြတ်ရှရာကြောင့် မျဥ်းကြောင်းအသွင်တစ်ခုက စုတ်ပြဲနေကာ သွေးများစိုစွတ်နေသည်။

ထို့ကြောင့် သူထိုင်နေရာကထကာ အလုပ်သမားများနားနေခန်း၏ lockerတွေကြား သူ့lockerထဲကနေ ဆေးသေတ္တာကိုယူလိုက်ပြီး သန့်ရှင်းသည့် အဝတ်ပိုင်းငယ်နှစ်ခုအပြင် ပါကင်ပိတ်ရေဘူးငယ်၊ ဆေးတောင့်တစ်တောင့်၊ ဂွမ်းလိပ်အချို့နှင့် ပတ်တီးလိပ်ကို ထုတ်ယူလိုက်၏။

ပြီးသည်နှင့် သူ့ကိုယ်တွင်းမှာဝတ်ထားသော သာမန်စွပ်ကျယ်တစ်ထည်ပဲ ကျန်တော့သည်အထိ အပေါ်ဝတ်တွေအကုန်လုံးကို ချွတ်ပစ်လိုက်သည်။ ထို့နောက် သူ့လက်မောင်းက ပြတ်ရှဒဏ်ရာပေါ်၌ အဝတ်ပိုင်းငယ်ဖြင့် ဆယ်မိနစ်လောက်ဖိကပ်ထားပြီး ရေညှစ်ထားသည့် နောက်ထပ်အဝတ်ပိုင်းငယ်ဖြင့် ဒဏ်ရာကို ပွတ်သုတ်သန့်စင်လိုက်သည်။

အနည်းငယ်သောနာကျင်မှုဖြင့် အနေတော်သန့်စင်သွားသည့် ဒဏ်ရာကိုကြည့်ကာ ဆေးတောင့်ထဲမှ ဆေးတွေကိုညှစ်ယူ၍ ဒဏ်ရာအတွင်း ထည့်လိမ်းလိုက်သည်။ ထိုအခါ ပြင်ပမှရောက်ရှိလာသည့် ပူရှိန်းအေးမြနေသော လိမ်းဆေးကြောင့် သူ့ဒဏ်ရာက အနေသက်သာသွားရတော့သည်။

နောက်ဆုံးသူဆေးထည့်ပြီးမှ ဒဏ်ရာပေါ်ကို ဂွမ်းလိပ်များအုပ်၍ ပတ်တီးဖြင့်လက်မောင်းနှင့်ပခုံးကြားတွင် တင်းတင်းကြပ်ကြပ်စည်းနှောင်လိုက်၏။ ဓားဒဏ်ရာအပြီးမှာ သူ့ရင်ဘက်နှင့်ဝမ်းဗိုက်က အညိုအမဲစွဲရာနှစ်ခုကိုကြည့်ပြီး ၎င်းတို့အပေါ်မှ ဆေးထပ်လိမ်းလိုက်သည်။

Kyal's Mafia Husband [ BL OC // U & Z ]Where stories live. Discover now