Ep - 18

1K 102 34
                                    


"ဂျောင်ဟန်"

ဝရန်တာအပြင်ဘက်ကို ရပ်ပြီးငေးနေသူက ကြားမယ် မထင်။ မှောင်ရီပျိုးဆဲ ကောင်းကင်ကြီးကို ဂျောင်ဟန် အကြောင်းမဲ့ငေးကြည့်နေမိတာ အတော်ကြာပြီ။ ဗလာနတ္ထိဖြစ်နေတဲ့ ခံစားချက်တွေကို သူကိုယ်တိုင် ဘယ်လိုဖွင့်ထုတ်ပြောဆိုရမှန်းပင် မသိတော့။ ဖြစ်ပြီးသားကိစ္စတွေကို ပြန်ပြုပြင်ပြောင်းလဲလို့မရမှန်း သိသည်။ အခြေအနေတစ်ခုကို လက်မခံချင်လည်း လက်ခံရမယ်ဆိုတာလည်း သိပါလျက် အခုထက်ထိတိုင်တွေဝေနေမိတုန်းပင်။ ဒါမှမဟုတ် ဂျိုရှုအာအပေါ်အားနာစိတ်ဖြစ်လို့လား။ ဂျိုရှုအာကော အခုချိန်မှာ သူ့လိုခံစားချက်မျိုး ဖြစ်နေလောက်မလား။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေက သူတို့နှစ်ယောက်အတွက် မှန်ကောမှန်ကန်ခဲ့ရဲ့လားဆိုတာ ကိုယ်တိုင်လည်း မစဉ်းစားချင်တော့ပါ။

ဂျောင်ဟန် သက်ပြင်းရှည်တစ်ချက်ချပြီး သူ့အတွေးနဲ့သူ အနောက်ကိုတစ်ချက်လှည့်ကြည့်မိတော့ ဂျိုရှုအာက ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိလိုက်။ အနားရောက်လာတဲ့ ဂျိုရှုအာကို ဂျောင်ဟန် မျက်နှာလွှဲလိုက်၏။ အခုချိန်မှာ ဂျိုရှုအာနဲ့မျက်နှာချင်းဆိုင်ဖို့ရာအတွက်က အစ ဝန်လေးသည်။ ဂျိုရှုအာလည်း ကလေးအပေါ် အများကြီးမျှော်လင့်နေခဲ့တာမဟုတ်လား။

"ဦးလေးပြောတယ် ညစာမစားချင်ဘူးဆို ဟုတ်လား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

ဂျောင်ဟန် ဘာမှပြန်မဖြေဘဲ ခေါင်းခါရုံခါပြပြီး ငြိမ်နေတော့ သိပ်မကြာ ကျောပြင်အနောက်က အုပ်မိုးလာတဲ့ နွေးခနဲ ခံစားချက်ကြောင့် ခန္ဓာကိုယ်လေးကျုံ့ခနဲဖြစ်သွား၏။ ခါးကို လက်နှစ်ဖက်နဲ့အနောက်ကနေဖက်ပြီး ဂျောင်ဟန်ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲထည့်ကာ ပခုံးပေါ် မေးတင်လာပြီးလျှင်..

"မလန့်ပါနဲ့ ကိုယ်တကယ်မင်းမကြိုက်တာ ဘာမှမလုပ်ဘူး ကတိ"

မသိရင် အခုလို သူများအပေါ်မှီပြီး လာဖက်နေတာကြီးကိုကျ ကြိုက်တာကျလို့။

"Dr. ကမှာထားတယ် မင်းအားနည်းနေတာမလို့ အစားကောင်းကောင်းစားမှဖြစ်မယ်တဲ့ ညစာဘာလို့မစားချင်ရတာလဲ မကြိုက်လို့လား ဘာစားချင်တာရှိလဲ ကိုယ်ဦးလေးကိုပြင်ခိုင်းလိုက်မယ်"

Hammurabi Code Of LawWhere stories live. Discover now