"ဘယ်သူလဲ""မင်းဘယ်သူလဲ"
"ထွက်သွား"
စူးရဲစွာနဲ့ တစ်လှမ်းချင်းအနားရောက်လာတဲ့သူကြောင့် ဂျောင်ဟန် ဗိုက်ကိုလက်နဲ့အုပ်ကာ ထိန်းကိုင်ရင်း ဆိုဖာအရှည်ကနေ တဖြည်းဖြည်း အနောက်ကိုရွေ့မိသည်။ ခြေထောက်ကဒဏ်ကြောင့်နဲ့ ရုတ်တရက်လည်း ထမရ။ မြေဆွေးလို ခပ်ဆွေးဆွေး အယ်လ်ဖာ ဖယ်ရိုမုန်းရနံ့က အနံ့ခံအာရုံထဲကို ရိုင်းပြစွာတိုးဝင်၏။ pup လွယ်ထားရတဲ့ကာလဖြစ်တဲ့အပြင် ပြင်းထန်လွန်းတဲ့ ဖယ်ရိုမုန်းရနံ့ကြောင့် ခေါင်းတွေနောက်ကျိလာပြီး ပျို့အန်ချင်သည်အထိ။
"ရှုအာ! ရှုအာ ဘယ်မှာလဲ!"
နောက်ဆုံး ဆိုဖာအနောက်ကဆက်တိုးမရတော့တာမလို့ ဂျိုရှုအာကိုသာ ဆက်တိုက်အော်ခေါ်နေမိသည်။ ထိုသူရဲ့ ဖယ်ရိုမုန်းဖိနှိပ်မှုကိုလည်း ဂျောင်ဟန် မခံနိုင်။ ကိုယ်ဝန်ဆောင်ကာလမလို့ ဖယ်ရိုမုန်းရနံ့ကို ပြန်ခုခံတုံ့ပြန်နိုင်စွမ်းမရှိ။
*ဒုန်း ဒုန်း ဒုန်း*
"ဂျောင်ဟန်!"
"ရှုအာ!"
*ဒုန်း ဒုန်း ဒုန်း*
တဘုန်းဘုန်း ထုရိုက်နေတဲ့ အခန်းတံခါးဆီကို လှမ်းကြည့်မိတော့ ဒီလူက အခန်းတံခါးလော့ချခဲ့တာပင်။ ရုတ်တရက် ထသွားလို့အဆင်မပြေသေးတဲ့ ခန္ဓာကိုယ်ကို အားယူကာ ဖြည်းဖြည်းချင်း ထဖို့လုပ်ပေမယ့် ဗိုက်ကခံနေလို့ အလျှင်အမြန်လည်း ထမရ။ တံခါးချပ်ကို တဘုန်းဘုန်းထုကာ အော်ခေါ်နေတဲ့ ဂျိုရှုအာအသံကြောင့် ဂျောင်ဟန် ချက်ချင်းပြေးသွားချင်သည်။ ဒီနေရာကြီးမှာ မရှိချင်။ ဒီလူက ကောင်းတဲ့သူမဟုတ် အန္တရာယ်ပေးတော့မယ်ဆိုတဲ့ အသိက သူ့ကို ပို တုန်လှုပ်စေ၏။ စိုးရိမ်တကြီး အရှေ့ကကြားနေရတဲ့ ဂျိုရှုအာအသံကော အရှေ့ကလူကြောင့်ကော ကြောက်စိတ်တွေပိုဝင်လာတာကြောင့် အသံတွေကတုန်ရီပြီး မျက်ရည်တွေဝဲလာ၍
"ရှုအာ!ရှုအာ..!"
"ရှူး..အေးဆေးပေါ့ ဘာတွေ ဒီလောက် အော်ခေါ်နေတာလဲ"
အနားရောက်ပြီး ဂျောင်ဟန် နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ အသံတိတ်ခိုင်းတာကြောင့် အသံ ထပ်မထွက်ရဲ။ သူ့လက်ထဲက ဓားချွန်ကိုလည်း သတိထားမိတာကြောင့် အသံတိတ်ကာ ခေါင်းငြိမ့်ပြလိုက်ရသည်။