Ep 5

826 89 8
                                    

အဲ့နေ့က ဂျိုရှုအာ ဂျောင်ဟန်ကို နောက်မလုပ်ရဲတော့အောင်လို့ ထွက်သွားခိုင်းတာ။ ဂျောင်ဟန်လို အိုမီဂါတွေက ပိုင်ရှင်မှမရှိရင် တစ်ယောက်တည်းရပ်တည်ဖို့က အန္တရာယ်များလွန်းသည်။ အဲ့နောက်ပိုင်း အိမ်ကနေထွက်သွားမယ်ဆိုတဲ့ စကား ဂျောင်ဟန် လက်လွတ်စပယ် မပြောရဲတော့။ အမှန်က ဂျိုရှုအာ ဂျောင်ဟန်ကို ချုပ်ကိုင်လို့ရမယ့်နည်းလမ်း ရှာတွေ့သွားခြင်းဖြစ်သည်။ သူ့စကားနားမထောင်ဘူးလား ရတယ် နားမထောင်နဲ့ ဒါပေမယ့် သူ့စကားနားမထောင်ရင် ဒီလိုဒီလိုဖြစ်မယ်ဆိုတဲ့ လောဂျစ်ကို ဂျောင်ဟန် ဦးနှောက်ထဲရိုက်သွင်းမယ့် နည်းလမ်းမျိုးပေါ့။ဂျောင်ဟန်လို စကားနားမထောင်တဲ့သူကို သူ့နည်းလမ်းနဲ့သူပြုပြင်ပုံသွင်းနေတာဆိုလည်း မမှား။

"Josh Mr.Lee ဒီနေ့ရွေးကောက်ပွဲမှာ မဲနိုင်ကြောင်း သတင်းပို့လာတယ်"

"အားလုံးစီစဉ်ထားတဲ့အတိုင်း အဆင်သင့်ဘဲမလား"

"ဟုတ် Josh ဒီနှုန်းနဲ့သာဆို ဖွံ့ဖြိုးရေးဝန်ကြီးချုပ် နေရာအထိရောက်ဖို့က လွယ်သွားမယ်ထင်တယ်"

"ဂုဏ်ပြုပန်းခြင်းပို့ပြီး နောက်နေ့ကစပြီးဆိုးလ်က အစီအစဉ်တွေ သူ့ကိုတစ်ဆင့်လွှဲလိုက်"

"ဟုတ် Josh"

ဂျိုရှုအာ စာကြည့်ခန်းမှာ ဗန်နဲ့ ဆိုးလ်က အမတ်လောင်းရွေးကောက်ပွဲကိစ္စပြောနေတုန်း ဗန့် in ear ကနေ ဝင်လာတဲ့သတင်းပေးမှုကြောင့် စကားစဖြတ်လိုက်ရတယ်။

"Josh"

"Everest (အဲဗရက်စ်) Devereaux က ခြံရှေ့မှာ ရောက်နေတယ် Hong Family နဲ့ပြောစရာကိစ္စရှိလို့ ဆိုပြီးပြောလာတယ်"

"ပထမထပ်က ဧည့်ခန်းမှာ စောင့်ခိုင်းလိုက်"

အဲဗရက်စ် ဒက်ဗရက်ဇ် ။ ဒက်ဗရက်ဇ်မိသားစုရဲ့ ဆက်ခံသူ သားအကြီးဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိပ်တန်း အယ်လ်ဖာတစ်ယောက် ။ ဟုန်းမိသားစုနဲ့ ဒက်ဗရက်ဇ် မိသားစုကြားမှာ တင်းမာနေတဲ့ကိစ္စတွေရှိခဲ့တာမို့ အကြောင်းအရင်းကိစ္စမရှိဘဲ ဒီကိုလာစရာအကြောင်းမရှိ။

ဂျိုရှုအာ ပထမထပ်ကိုဆင်းလာတော့ ဒက်ဗရက်ဇ်က ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး လက်ထောင်ပြကာ နှုတ်ဆက်တယ်။ သူ့ဘေးက မတ်တပ်ရပ်နေတဲ့သူနှစ်ယောက် ကိုတစ်ချက်ကြည့်လိုက်တော့ တစ်နေ့က ဂျောင်ဟန်ကို အန္တရာယ်ပြုခဲ့တဲ့ ဘီတာ နှစ်ကောင်။ ဂျိုရှုအာ တစ်ဖက်က တစ်ယောက်ထိုင် ဆိုဖာ မှာ ဝင်ထိုင်တော့ အဲဗရက်စ်ကအရင် ရယ်ပြပြီး နှုတ်ဆက်သည်။

Hammurabi Code Of LawWhere stories live. Discover now