Ep - 9

1.5K 94 21
                                    


ဂျောင်ဟန် ကားထဲမှာထိုင်စောင့်ရင်း ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ နေရထိုင်ရအဆင်မပြေ။ အပြင်ကဆူညံသံတွေရယ် အနံ့အသက်တွေရယ်ကြောင့် ခုချိန်ထိကို စိတ်တွေလေးပြီး နေလို့ထိုင်လို့ မကောင်းနေတာ။ ကားထဲမှာထိုင်စောင့်နေရတာကြာလို့ဆိုပြီး အပြင်လည်းပြန်မထွက်ချင်။ သူကိုယ်တိုင်ကလည်း အပြင်ထွက်နေကျမဟုတ်တော့ အပြင်မှာနေရင် ပိုအားနည်းသလိုခံစားရတာကြောင့်။ လောလောဆယ်တော့ ဂျောင်ဟန် ခေါင်းတွေမူးနောက်နောက်ဖြစ်နေတာကြောင့် အိမ်အရမ်းပြန်ချင်နေပြီ။ ဂျောင်ဟန် ဂျိုရှုအာ့ကိုစောင့်ရင်း မျက်ခွံတွေက တဖြည်းဖြည်းလေးလံလာတာကြောင့် ကားမှန်ကိုခေါင်းမှီရင်း မှေးခနဲ အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားသည်။

ဗန်က အပြင်ဘက်ကနေ ကားမှန်တံခါးခေါက်ကာ နှိုးမှ ဂျောင်ဟန် မျက်မှောင်သေးသေးလေးကြုတ်ကာ နိုးလာရင်း ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ကြည့်မိ၏။ ဂျောင်ဟန် နိုးလာတော့ ဟိုတယ်ကို ပြန်ရောက်နေပြီ။ ဘယ်အချိန်ကတည်းက ပြန်ရောက်နေမှန်းမသိပေမယ့် ဘေးနားလေးကနေရာမှာတော့ ဂျိုရှုအာက မရှိတော့။ ကားထဲမှာ သူ့ရဲ့အေးစက်စက် ခပ်စူးစူး ဖယ်ရိုမုန်းရနံ့ပဲကျန်ခဲ့တာ။ ဖယ်ရိုမုန်းအနံ့။ ဂျောင်ဟန် သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးကြောမျှင်လေးတွေထဲအထိပါ ရုတ်တရက်ကြီး ထူပူသွားသလို ခံစားလိုက်မိသည်။ လည်ချောင်းတွေ ခြောက်လာတာကြောင့် ဂျောင်ဟန် လက်ကောက်ဝတ်က နှလုံးခုန်နှုန်းကို စမ်းကြည့်တော့ ပုံမှန်မဟုတ်တော့။ ဒီနေ့ကျမှ ဘယ်လိုဖြစ်နေတာလဲ။ မဖြစ်ဘူး။

*ဒေါက် ဒေါက် ဒေါက်*

ကားမှန်ကနေ အဆက်မပြတ်ခေါက်နေတဲ့အသံကြားမှ ကပြာကယာနဲ့ အသိစိတ်ပြန်ဝင်ပြီး ကားထဲကထွက်ဖို့ သတိရသည်။ ဂျောင်ဟန်ကားပေါ်ကဆင်းလာတော့

"နောက်နာရီဝက်အတွင်း ခရီးဆောင်အိတ်သိမ်းပြီး hotel lobby room ကိုအရောက်လာပေးပါ"

"ဟုတ် ဟုတ်"

ကယ်လီဖိုးနီးယားတစ်ခါတည်း တန်းပြန်မှာမလို့ ဗန်က ဂျောင်ဟန် ကားပေါ်ကဆင်းဆင်းလာချင်း ဂျိုရှုအာ မှာထားတဲ့အတိုင်း အသိပေးခြင်းသာ။ ဂျောင်ဟန် ဗန့်ကို ခေါင်းခပ်သွက်သွက်ငြိမ့်ပြလိုက်ပြီး စကားထပ်ပြောလာမှာပင်မစောင့် အခန်းရှိရာကိုပဲ တန်းသွားတော့သည်။ အခန်းမရောက်မီ လမ်းခုလတ်တင် ဂျောင်ဟန် စိတ်တင်းပြီး တံတွေးမျိုချနေမိသည်မှာ ဘယ်နှစ်ကြိမ်မှန်းပင်မသိတော့။ လက်ဖျားခြေဖျားတွေကလည်း တဖြည်းဖြည်း အားအင်တွေ ဆုတ်ယုတ်လာတာမို့ အခန်းထဲအမြန်ရောက်မှဖြစ်မည်။ ဒီအချိန်ကြီးမှာတော့ Heat ဝင်လို့မဖြစ်။ အခန်းထဲရောက်ရောက်ချင်း ဂျောင်ဟန် ခရီးဆောင်လက်ဆွဲအိတ်တစ်ခုလုံး သွန်ချပစ်လိုက်ပြီး inhibitor အမြန်ရှာရသည်။ တစ်ရက်ပြည့်အောင်တောင် နေမယ့်ခရီးမဟုတ်တာကြောင့် ဘာမှတောင်ထည့်မလာဖြစ်တဲ့ အိတ်အတွင်းမှာ အဝတ်အစားတစ်စုံရယ် အဖျားပျောက်ဆေး အချို့ရယ်ကလွဲပြီး မရှိ။ Heat အကြိုကာလကတည်းက inhibitor တစ်လုံးကြိုသောက်ထားတာမှ တစ်ပတ်မပြည့်သေး။ inhibitor ရှာရင်း ဂျောင်ဟန် နဖူးမှာလည်း ချွေးစေးလေးတွေပင်စို့နေပြီ။ အရမ်းနောက်မကျခင် inhibitor သောက်ထား မှဖြစ်မယ်။ နှုတ်ခမ်းဖျားတွေလည်းတုန်ရီလာပြီး ရုတ်တရက် အသက်ရှူတွေမောလာရင်း ဂျောင်ဟန် ကြမ်းပြင်ပေါ်ခွေလဲသွားသည်။ ဆုတ်ယုတ်သွားတဲ့ အားအင်တွေအပြင် gland tape အပြင်ဘက်ကိုပါ အဆက်မပြတ် ယိုစိမ့်လာတဲ့ ဖယ်ရိုမုန်းက ထိန်းချုပ်မရတော့။ အခန်းအတွင်း တစ်ခဏချင်း ဖုံးလွှမ်းသွားတဲ့ စတော်ဘယ်ရီဗင်နီလာ ဖယ်ရိုမုန်းနဲ့အတူ ဂျောင်ဟန် အမြင်တွေဝေဝါးကာ မျက်တောင်တွေက တဖြည်းဖြည်းလေးလံလာသည်။ ထို့နောက် ရုတ်ချည်းဝင်ရောက်လာတဲ့ နွမ်းနယ်မှုကြောင့် ဂျောင်ဟန် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားလေပြီ။

Hammurabi Code Of LawWhere stories live. Discover now