∆အကျည်းတန်လှတဲ့ မြင်ကွင်းတစ်ခု∆
အရှေ့အရပ်က နေသူရိန်မင်းကြီးကထွက်စ ပြုနေသည်။
နံနက်ခင်းရောင်ခြည်အောက် ကျေးငှက်တို့ကလည်း ပင်မြင့်ထက်မှာ သီကြူးရေးဖွဲ့ထားတဲ့ သာယာသံတွေ ကို ဖော်ထုတ်နေလေရဲ့~~~ထွက်ခါစ ရောင်နီနွေးနွေး လွှမ်းခြုံခံထားရတဲ့ ခြံဝန်းထဲ အပင်ကြီး တစ်ပင်အောက်ဒန်းလေး
ပေါ်တွင် စာအုပ်ကလေးတစ်အုပ်ဖြင့် စာမျက်နှာလေး တစ်ခုကို အာရုံပြုထားတဲ့ ကောင်လေးတစ်ယောက် ရှိနေသည်။သူ၏စိတ်အစဉ်တို့မှာ စာမျက်နှာလေးများပေါ်သို့သာ ပုံအပ်ထားကြောင်းကိုတော့
စုကျုံ့ထားသည့် မျက်ခုံးတန်းလေးများက သက်သေဆောင်လျှက်ပင်။ရုတ်တရက် အပင်ထက်မှ ငှက်ကလေးတစ်ကောင်က ပြုတ်ကျလာသည်။
အတောင်မဆုံသေးသည့် ထိုငှက်ကလေးမှာ အပင်ထက်က အရှိန်ဖြင့် ပြုတ်ကျလာသည့်အတွက် အတော်နာနေပုံထောက်သည်။
အက်ကွဲသံတို့ဖြင့် သနားစွာအော်နေသည့်
နှုတ်ဖျားစပ်တို့မှာလည်း သွေးများက အလိမ့်လိမ့်...ထည်ဦးမောင်သည် လက်ထဲမှ စာအုပ်ကလေးကို ဒန်းပေါ်သို့ အသာအယာ
ချကာ ထိုငှက်ကလေးအား ညင်သာစွာကောက်ကိုင်လိုက်သည်။ငှက်ကလေး၏ နှုတ်ဖျားမှ သွေးတို့ကို
မိမိအင်္ကျီစလေးဖြင့် သုတ်လိုက်တော့
အဖြူရောင် အင်္ကျီစလေးအပေါ်
သွေးစကလေးများ စွန်းထင်းသွားရှာသည်။သစ်ပင်ပေါ်သို့ မော်ကြည့်လိုက်သော် ငှက်ထီးနှင့် ငှက်မလေးနှစ်ကောင်ကတစ်ကောင်နှင့်တစ်ယောက် ပုတ်ခတ်အော်ဟစ်ကာ အချင်းများနေကြ၏။
သူသည် ချက်ချင်းပင် ငှက်ကလေးအား ညင်သာစွာ ကိုတွယ်လျက်
အိမ်ထဲသို့ပြေးဝင်သွားလိုက်သည်။"ကြီးမေရေ..ကြီးမေ...ကြီးမေရေ လုပ်ပါဦး.."
ကြီးမေဆိုသူသည် ထည်ဦးမောင်တို့ အိမ်က အိမ်အကူအဒေါ်ကြီးဖြစ်သည်။
ကြီးမေသည် ချက်ချင်းပင် မီးဖိုခန်းထဲမှ ပြေးထွက်လာခဲ့သည်။
"ဟေ! သားလေး ဘာဖြစ်တာလဲ..."
"ဒီမှာ ငှက်ကလေး သနားပါတယ် သေတော့မလားမသိဘူး"
YOU ARE READING
မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]
Viễn tưởng...UNI... ဒုဓလီပန်းလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်ရင် အမွှားလေးတွေက လေးရူးနဲ့အတူ မြူပါးကြတယ်မဟုတ်လား... လေမရှိပါလျှင် အမွှားလေးများလဲကြွေစရာမရှိနိုင်သလို ထာဝရတည်တံ့နေလောက်မည်။ သို့ပေမယ့် မင်းလေးကတော့ ကိုယ်မမှုတ်ထုတ်ပါပဲ ကြွေလွင့်သွားခဲ့တဲ့ မောင့်ဒုဓ...