∆ချိုသာသော အနမ်းတစ်ပွင့်...∆
စိမ်းလန်းခြင်း၊ အေးချမ်းခြင်း၊ သာယာခြင်း၊ ငြိမ်းချမ်းခြင်း တို့တည်ရှိရာ မြန်မာနိုင်ငံရှိ
မြို့တစ်ခုအား ပြပါဆိုလျှင် မောရှမ်းနယ်ရှိ ကလောမြို့လေးသာ ဖြစ်လိမ့်မည်။စိမ်းပြာပြာတောင်တန်းကြီးများ အလွန်
စိမ်းလန်းနေသော လှေခါးထစ်သဖွယ်
လယ်ကွင်းများအား အဆင့်ဆင့်ကျော်ဖြတ်သော် ဤမြို့ကလေးအား တွေ့ရလိမ့်မည်။သည်နေ့ကား ဤမြို့လေးသို့ ဧည့်သည်နှစ်ဦးရောက်လာကြသည်။
သူတို့ရောက်လာသော် စိမ်းစိုစိုမြို့ကလေးက
အေးချမ်းမှုများဖြင့် ကြိုဆိုနေ၏။နေဝင်ရီတယောချိန်ခါယံဖြစ်သော် နေမင်းကြီးကား အနောက်အရပ်မှ ပြုံးပြနေလေပြီ။
စိမ်းနက်နက် ထင်းရှူးတောများအား
ကျော်ဖြတ်လာသော် တောင်စောင်းတစ်နေရာလေးတွင် ခြံကျယ်ကျယ်ကြီးတစ်လုံးက စွန့်စားစွာ ရှိနေလေ၏။မြို့၏ မည်သည့်အရပ်၊ မည်သည့်နေရာတွင် ရှိနေသည်ကား သိသူတို့သာ သိလိမ့်မည်။
တောင်ပေါ်မြေနီလမ်းလေးတစ်လျှောက် ကားလေးတစ်စီးမှာ တစ်လိမ့်လိမ့်ဖြင့် ခရီးနှင်နေလေသည်။
ထို့နောက် ခြံဝန်းကြီးရှေ့အရောက် စည်းရိုးတံခါးလေးအား ဖြတ်ကျော်၍ မောင်းနှင်သော် အိမ်ကလေးတစ်လုံးက ရှိနေ၏။
အိမ်ကလေးကား မခမ်းနားသော်ငြား နွေးထွေးမှုတို့ ပေးကောင်းပေးနိုင်လိမ့်မည်။
အိမ်ကလေး၏ဘေးတွင်လည်း အရွယ်ရောက်ကာစ ထင်ရှူးပင်လေးတစ်ပင်က ချစ်စဖွယ်ပေါက်ရောက်နေပါသေး၏။
ထည်ဦးမောင်သည် ကားပေါ်မှဆင်းကာ တစ်ဖက်ကားတံခါးလေးအား ဖွင့်ပေးလာ၏။
ဤတွင် ကားလေးထဲမှ ထွက်လာသည်မှာ
ညီသစ်လွင်ပင် မဟုတ်လော။ထည်ဦးမောင်က ကားနောက်ခန်းလေးမှ luggage လေး နှစ်လုံးအားကိုင်ကာ
အိမ်လေးထဲသို့ ဦးဆောင်ဝင်လိုက်သော်အနောက် မှ ကပ်ပါလာခဲ့သူမှာလည်း
ညီသစ်လွင်ပင်။
YOU ARE READING
မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]
Fantasy...UNI... ဒုဓလီပန်းလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်ရင် အမွှားလေးတွေက လေးရူးနဲ့အတူ မြူပါးကြတယ်မဟုတ်လား... လေမရှိပါလျှင် အမွှားလေးများလဲကြွေစရာမရှိနိုင်သလို ထာဝရတည်တံ့နေလောက်မည်။ သို့ပေမယ့် မင်းလေးကတော့ ကိုယ်မမှုတ်ထုတ်ပါပဲ ကြွေလွင့်သွားခဲ့တဲ့ မောင့်ဒုဓ...