∆လှပသဏ္ဌာန်ဆောင် နှုတ်ဆက်ခြင်း...∆
ရှေ့ဆင့်နောက်ဆင့်ကောင်လေနှစ်ယောက်...
အိမ်ကြီးထဲရှိ တစ်နေရာသို့ ဦးတည်နေကြသည်။နံရံထက်တွင် တစ်ချက်ချက်ဖြင့် ပြေးလွှားနေသော နာရီလက်တံလေးမှာမူ ၅ ဂဏန်းဆီသို့
ဦးတည်နေလေပြီ။မီးရောင်အောက်ရှိ ကောင်လေးနှစ်ယောက်မှာ မဟူရာရောင်တောက်နေသော ပိုးသား pajamas တို့အား ဝတ်ဆင်ထားသဖြင့် ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်တွင်လည်း နက်ရှိုင်းမှု ရောင်ပြန်တို့က
ဟပ်နေသည်။အခန်းတစ်ခန်း၏ တံခါးရှေ့သို့ရောက်သို
သူတို့၏ ခြေလှမ်းများက တန့်သွားသည်။...ဒေါက်...ဒေါက်...
"ကျွန်တော်တင်လာလို့ရမလား အဖေ"
"ဝင်ခဲ့လေသား"
စောစီးသော နံနက်ဖြစ်သော်ငြား သည်အချိန်တွင် ဦးရှိန်မောင်တို့ နိုးကြားနေပြီကို သိ၍
သူ့တို့အခန်းဆီသို့ သွားခြင်းဖြစ်သည်။ဦးရှိန်မောင်၏ ပြန်အချက်ပြသံကြောင့်
သူသည် အခန်းတံခါးလေးအား တွန်းဖွင့်၍ ဝင်လာသော် သူ၏အနောက်တွင် ကောင်ငယ်လေးတစ်ယောက်ပါ ကပ်ပါလာသည်။ထိုကောင်လေး၏မျက်နှလွှာတို့မှာမူ ဖြူဖတ်နေကာ ဝတ်ဆင်ထားသော မဟူရာရောင်တောက်တောက် pajamas နှင့် လုံးဝ
ဆန့်ကျင်လျှက်ရှိ၏။"ဘာကိစ္စရှိလို့လဲ သားတို့"
ဦးရှိန်မောင်နှင့်ဒေါ်မာလာသွေးတို့သည်
ခြေတို့ကို ကုတင်အောက်ချထားကာ
ကုတင်ပေါ်ထိုက်လျှက်သား ရှိကြသည်။ကောင်လေးနှစ်ယောက်မှာမူ ကောက်ခါငင်ကာဖြင့် ထိုင်နေသူမောင်နှံတို့၏ ခြေရင်းကြမ်းပြင်သို့ ဝင်ထိုင်ကြလိုက်၏။
"ညီသစ်က အဖေတို့ကို ကန်တော့ချင်လို့တဲ့"
"အော်!"
ထိုအခါမှ ဦးရှိန်မောင်တို့ မောင်နှံတို့သည် သဘောပေါက်ဟန်ဖြင့် သေချာစွာပြင်ထိုင်လိုက်လေသည်။
ကန်တော့မည့်သူတို့က လက်အုပ်ကိုယ်စီချီထားလျှက် ဦးသုံကြိမ်ကို ကြမ်းနှင့်နဖူးထိတွေ့လျှက် ရိုကျိုးစွာ ချပြီးကြသော် တာဝန်ရှိသူများကလည်း မွန်မြတ်သော ကောင်းချီးတို့ကို ပေးနေလေကြသည်။
YOU ARE READING
မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]
Viễn tưởng...UNI... ဒုဓလီပန်းလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်ရင် အမွှားလေးတွေက လေးရူးနဲ့အတူ မြူပါးကြတယ်မဟုတ်လား... လေမရှိပါလျှင် အမွှားလေးများလဲကြွေစရာမရှိနိုင်သလို ထာဝရတည်တံ့နေလောက်မည်။ သို့ပေမယ့် မင်းလေးကတော့ ကိုယ်မမှုတ်ထုတ်ပါပဲ ကြွေလွင့်သွားခဲ့တဲ့ မောင့်ဒုဓ...