∆တောင့်တမိတယ် နွေးထွေးမှုရယ်...∆
တစ်နှစ်မဟုတ်ပါသော်ငြား၏ အချိန်ကာလတစ်ခုထိတိုင် ကြားမြှင့်ပြီးပါသော်...
အမြဲတစ္ဆေတာဝန်ကျေပွမ်တတ်သည့်
နေမင်းကြီးကို ယနေ့တွင်တော့မမြင်ရ။အဘယ်ကြောင့် မမြင်ရပါသနည်း။
ကောင်ကင်တစ်ခွင် ကျေးငှက်တို့ကလဲ
ရှိမနေပါ။တိပ်လိပ်တို့သည် ကောင်းကွင်တစ်ခွင် ဟာကွက်မရှိအောင် နေရာကိုယ်စီယူထား
ကြသည်။တိမ်လိပ်တို့သည် တဖြေးဖြေး မီးခိုးရောင်သန်းလာကာ ပတ်ဝန်းကျင်တစ်ခွင်လည်း အုံ့မှိုင်းလျက်သား..
မိုးတို့ပြိုတော့မည်လား...။
စုဝေးမှုများလာသော မိုးသားတိမ်တို့သည်
မကြာမီပင် မိုးပေါက်ကလေးများအဖြစ် မြေပြင်ပေါ်သို့ သက်ဆင်းလာလေပြီ။အမိုးတံစက်မြိတ်မှ တစ်ဆင့် မြေပြင်ပေါ်သို့ ထက်မံသက်ဆင်း နေသည့် မိုးရေစက်ကလေးများ...
တစ်ချို့ကတော့ မြေပြင်ထက် အတိသက်ဆင်းသည်။
တစ်ချို့ကျပြန်တော့လည်း လက်ဖဝါး နုနုလေးပေါ်သို့ ကျရောက်သည်။ပြီးမှသာ မြေပြင်ပေါ်သို့ ထက်မံသက်ဆင်းခြင်း...
ညီသစ်သည် ဝရန်တာမှနေ၍ တံစက်မြိတ်မှ ကျလာသော မိုးရေ စက်ကလေးများကို လက်ကလေးဖြင့် ခံယူနေသည်။
ညိုးနွမ်းနေသော မျက်နှာလေးပေါ် ပြုံးရိပ်တို့က သန်းသေးပါသယောင်။
"ဘာတွေလုပ်နေတာလဲ သား..."
အသံလာရာကို လှည့်ကြည့်မိတော့ ဦးရှိန်မောင် ကို တွေ့ရသည်။
"အော်...ဘာမှ မလုပ်ပါဘူးဦး...ဒီအတိုင်း ပြင်းလို့ပါ...အဟင်း..."
ညီသစ်လွင်က ရေစိုနေသောလက်တို့ကို အင်္ကျီဖြင့် သုတ်လိုက်ကာ ပြုံးယောင်ယောင် ဖြင့် ပြန်ဖြေလာခြင
"သားရော အခုတစ်လောဘာတွေလိုလဲ...လိုအပ်တာရှိရင် ဦးကိုပြောနော်...အားမနာနဲ့..ကြားလား..."
"ဟုတ်ကဲ့ပါ...ဦး"
"အင်း...ဟေမာန်လေးကရော ဘယ်နှနှစ် ကျန်သေးလည်း..."
YOU ARE READING
မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]
Fantasía...UNI... ဒုဓလီပန်းလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်ရင် အမွှားလေးတွေက လေးရူးနဲ့အတူ မြူပါးကြတယ်မဟုတ်လား... လေမရှိပါလျှင် အမွှားလေးများလဲကြွေစရာမရှိနိုင်သလို ထာဝရတည်တံ့နေလောက်မည်။ သို့ပေမယ့် မင်းလေးကတော့ ကိုယ်မမှုတ်ထုတ်ပါပဲ ကြွေလွင့်သွားခဲ့တဲ့ မောင့်ဒုဓ...