Part-26{UNI}

274 11 9
                                    

∆အပြုံးများက အသက်မပါခဲ့ပါ...∆

နေရာကား...
                ..."မြိုင်" ပုဂ္ဂလိက ဆေးရုံ...

တွင်ဖြစ်၏။

"အခြေအနေဘယ်လိုရှိလဲ မောင်ရင်?"

"ခုနကပဲ အိမ်မှာထပ်ဖြစ်လာလို့ဆရာ"

"အင်း...မျက်ကွင်းတွေလဲ ညိုလို့။နှုတ်ခမ်းတွေလဲ ဖြူဖက်ဖြူရော်နဲ့။ မျက်နှာမှာတောင် သိသိသာသာပြောင်းလာပြီ"

"ဆရာတို့ ဆေးထပ်စစ်ကြည့်ရအောင်"

"ဟုတ် ဆရာ"

ညီသစ်လွင်သည် အားအင်တို့မရှိတော့သည့်နှယ် အသံတို့မှာလဲ တိုးညင်းနေ၏။

ဆေးစစ်မှုအပြီး ရလဒ်ကို ပါမောက္ခကြီး၏ ရုံးခန်းတွင်သာ ထိုင်စောင့်နေလိုက်သည်။

ခန္ဓာမှာ ငြိမ်သက်စွာရှိနေသော်ငြား
စိတ်အစဉ်တို့မှ အနာဂါတ်သို့ ပြေးလွှားနေကာ အလုပ်ရှုပ်နေလျှက်...

ခေတ္တမျှကြာသော် ဒေါက်တာသည် အခန်းအတွင်းသို့ ဝင်လာလေပြီ။

မျက်နှာတို့မှာလည်း ညိုးနွမ်းလျှက်ပင်။

"မောင်ရင်!"

"ဟုတ်ကဲ့ဆရာ"

သူသည် ဒေါက်တာ့အား မျှော်လင့်ချက်ရောင်ခြည်တို့ သန်းလျှက်ရှိသော လေသံလေးများဖြင့် မေးလာမိ၏။

သို့ပေမယ့် ထိုရောင်ခြည်လေးဟာ အိမ်ပြန်ချိန်တန်ခဲ့ပြီ ထင်ပါရဲ့~~~

ဒေါက်တာသည် ခေါင်းတို့အား
ငုံစိုက်သွားလျှက်...

"မရတော့ဘူး..."

"ဗျာ...ဒေါက်တာ ဘာကို ဆိုလိုချင်တာလဲ။
ကျွန်တော် နားမလည်ဘူးဗျ"

တိုးညင်းသော လေသံတို့ဖြင့် ညီသစ်က
နားမလည်ဟန်မေးလာသည်။
တစ်ကယ်လည်း သူ၏ပုံစံမှာ နားမလည်ဟန်ရှိသည်။

ဒေါက်တာသည် အသံများတုန်ရီနေလျှက်...

"မောင်ရင့်ရဲ့ ရောဂါက နောက်ဆုံးအဆင့်ရောက်နေပြီ"

"ဗျာ!"

"ဆ...ဆရာ ဆရာ တစ်ကယ် ပြောနေတာလားဟင်"

"ဒါ...ဒါဆို..."

ဒေါက်တာသည် သူ၏ ပုခုံးလေးပေါ်သို့ လက်လေးတင်လာကာဖြင့်...

မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]Where stories live. Discover now