Part-25{UNI}

216 11 0
                                    

∆ချိုသလား ခါးသလား အိုကံကြမ္မာ...∆

တစ်ချို့အတွက်ထူးဆန်းမှု...
တစ်ချို့အတွက်တိုက်ဆိုင်မှု...
တစ်ချို့ကျပြန်တော့ ကံကြမ္မာ၏ သဘောထားကြီးမှု...

ရှုပ်ထွေးစွာရိုးရှင်းလှသည့် အတိတ်
တစ်ခု၏ စာမျက်နှာတို့အား ရင့်သည်းစွာပင်ပြန်လည်၍ လှန်ကြည့်မိပါသော်~~~

နှိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီး
ဒေါ်မာလာသွေးသည် သူ(မ)၏ ရှူတင်ရိုက်ကွင်း တစ်ခုတွင် ဖြစ်၏။

ပူပြင်းလှသည့် နွေဥတုရာသီ ဖြစ်သည့်
အလျှောက် ညနေခင်းနေရောင်ခြည်ကတော့ နွေးထွေးမှုတို့ရှိမနေပါ။

နေရှိန်မကျသေးပါသော ရောင်ခြည်အောက်
လူတစ်စုတို့သည် မိမိတာဝန် မိမိသိတတ်
လျှက်ပင်။

ရိုက်ကွင်းတစ်ခုလုံးရှိ လူအများ...
အရိပ်အောက် ခိုသည့်သူက ခို၊
ယပ်တောင်လေးများ တစ်ဖျပ်ဖျပ်ဖြင့် ယပ်ခတ်နေသူများက ခတ် ဖြင့် ကျန်ရှိနေသေးသော နေရှိန်ကို ချွေးတစ်ပြိုက်ပြိုက်ဖြင့်အံတုကြလျှက်။

"ကဒ်ခ်ျ...!"
"ခဏနားမယ်!"

ဒါရိုက်တာ၏ အချက်ပေးသံကြားသော်
ဒေါ်မာလာသွေးတစ်ယောက် စိတ်ရှုတ်ဟန်ဖြင့် နှဖူးထက်မှ ချွေးစေးအချို့ကို သုတ်ကာ အရိပ်ထဲသို့ ဝင်လာသည်။

"ဟို...မမာလာမှာတဲ့ အချိုရည်က မရှိတော့လို့ ဒါလေးပဲ ယူလာခဲ့ရတယ် မမာလာ"

သူ(မ)လှည့်ကြည့်မိသော် သူ(မ)၏ဝေရာ‌ဝစ္စအမှုတို့ကို ပြုသူ ကောင်မလေး စံပယ်...

ကောင်မလေး၏ မျက်နှာထွက်တွင်လည်း ဆိုးရွံ့နေမှုတို့ကို တွေ့ရ၏။

"အဲ့အချိုရည် ခွေးကို သွားတိုက်လိုက်!
ငါမသောက်ဘူး"

"ဟု ဟုတ်ကဲ့ မမာလာ"

စံပယ်သူ ကြောက်ရွံ့စွာဖြင့် သူ့အနားမှ ခွါသွားကာ အချိုရည်ဘူးလေးအား သောက်မည်‌ဆိုသော သူကို ပေးလိုက်၏။

"ကဲ  စကြမယ်..စကြမယ်!"

ဒါရိုက်တာ၏ အချက်ပေးသံကြောင့်
ဒေါ်မာလာသွေးသည် ထိုင်ရာမှ ထသွားလိုက်သည်။

မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]Where stories live. Discover now