∆လှပကြည်နူးလွန်းလှတဲ့ ညနေခင်းလေး...∆
နေမင်းကြီးသည် အရှေ့အရပ်မှ ထွက်ခဲ့ပြီး၍ အနောက်အရပ်သို့ ဝင်ရပြန်ဦးမည်။
ဒါမျှ သူ့တာဝန်ကျေပွန်မည် မဟုတ်လား...ကျေးငှက်တို့သည် အုပ်စုဖွဲ့၍ အိမ်ပြန်လမ်းကို ဦးတည်နေလေပြီ။
အိမ်ပြန်ချိန်ပေးသွားသော နေမင်းကြီး၏ ရောင်ခြည်တစ်ချို့က အိမ်အမိုးထပ်က အခန်းလေးအတွင်း ကျရောက်နေသည်။အခန်းထောင့်တွင်လည်း ဆွဲလက်စပန်းချီတစ်ချို့နှင့် အပြီးသတ်ပြီးသွားသော ပန်းချီကားတို့ကလည်းအစီအရီထားရှိသည်။
စားပွဲခုံလေးတစ်လုံးလဲ ထားရှိထားသေးသည်။ထိုခုံလေးတွင် ပန်းချီဆွဲနေသူတစ်ဦးလည်းရှိနေပါလေရဲ့~~~
ဘေးနားတွင်လည်း ဆေးရောင်စုံဘူးများ၊
စုပ်တံအကြီးအငယ် ဆိုဒ်အစုံတို့ကိုထားရှိသည့် စားပွဲလေးတစ်လုံး ထားရှိပြန်သည်။ပြတင်းမှန်လေးမှတစ်ဆင့် အခန်းအတွင်းကျရောက်နေသော ရောင်ခြည်တန်းလေးမှာ ပန်းချီဆွဲနေသူ၏ မျက်နှာထက်သို့ တစ်စိမ်းတစ်စောင်း ကျရောက်နေသည်။
ဖြောင့်ဆင်းလှပါသော နှာတံမှာ ရောင်ခြည်၏ အကူအညီကြောင့် ပို၍ပင် ထင်းနေသရောင်၊ မဟူရာရောင်မျက်ဆံတို့ကလည်း ရောင်ခြည်တို့ ကြားထဲ အထင်းသား တောက်ပနေပြန်သည်။သို့ပေမယ့် အသက်တို့ကရှိမနေပါ။
စေ့စပ်ပိတ်ထားတဲ့ နှုတ်ခမ်းနှစ်လွှာတို့မှာလည်း ဆိုးဆေးမလို၊ နီလှပါဘိ ဆိုသည့်
အနီရောင်ပန်းချီဆေးများကပင်
ထိုနှုတ်ခမ်းလွှာများနှင့် တွေ့လျှင်
မှေးမှိန်သွားသရောင်...
သို့ပေမယ့် ထိုအဆင်းတို့ ပိုင်ရှင်၏
မျက်နှလွှာမှာတော့ အပြုံးမရှိ အငိုမရှိ အသက်မရှိသရောင်...
တိတ်ဆိတ်လွန်းလှတဲ့ အခန်းကျဉ်းလေးထဲ အသက်မပါသည် မျက်နှာတစ်လွှာ၊ သွယ်လျားလှတဲ့ လက်ချောင်းကလေးများဖြင့် ပန်းချီကားတစ်ချပ်ကို ဖန်တီနေသူ...ဖန်တီးစ ဖြစ်သေး၍ မည်သည့်ရှုခင်းကို ရေးဆွဲနေသနည်း၊ သို့မဟုတ် ရှုခင်းမဟုတ်သည့် အရာကို ရေးဆွဲနေပါသနည်း။
YOU ARE READING
မောင့်ဒုဓလီ{ေမာင့္ဒုဓလီ} My Dandelion[Complete ]
Fantasía...UNI... ဒုဓလီပန်းလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်ရင် အမွှားလေးတွေက လေးရူးနဲ့အတူ မြူပါးကြတယ်မဟုတ်လား... လေမရှိပါလျှင် အမွှားလေးများလဲကြွေစရာမရှိနိုင်သလို ထာဝရတည်တံ့နေလောက်မည်။ သို့ပေမယ့် မင်းလေးကတော့ ကိုယ်မမှုတ်ထုတ်ပါပဲ ကြွေလွင့်သွားခဲ့တဲ့ မောင့်ဒုဓ...