🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 26
လူတိုင်းမျှော်လင့်စောင့်စားနေကြသည့် ငရုတ်သီး (အပိုင်းတစ်)ကျောင်းဝင်းအပြင်ဘက်တွင် သယ်ယူပို့ဆောင်ရေးအလုပ်သမားများ အများအပြားစုဝေးနေသည်ကို မြင်တွေ့ရသည်မှာ သာမန်ပင်။ နန်ဟိုင်တက္ကသိုလ် မြို့တော်တွင် ယူနီဖောင်းဝတ်ထားသည့်လူများကို ကျောင်းနှင့် စားသောက်ဆိုင်များအကြား မော်တော်ဆိုင်ကယ်စီးပြီးမောင်းနှင်သွားလာနေသည်ကို မကြာခဏဆိုသလို တွေ့နိုင်လေသည်။
အမှန်တွင် ကျောင်းကန်တင်းတိုင်းက CUကန်တင်းကဲ့သို့ အရသာရှိသောအစားအစာများကို မတည်ခင်းနိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် CU၌မူ ထမင်းစားချိန်အတွင်း Deliveryပို့ပေးသည့်ဝန်ထမ်းများကို မတွေ့ရတော့ပေ။
CUကန်တင်းက အနီးတစ်ဝိုက်တွင်သာရှိသောကြောင့် အခြားကျောင်းများမှ ကျောင်းသားများက အလွန်မနာလိုဖြစ်ခဲ့ရသည်။ သို့ဖြစ်ရာ အခြားကျောင်းများမှ ကျောင်းသားများက ညစာစားရန်အတွက် သူတို့၏ကျောင်းကန်တင်းသို့ သွားလိုစိတ်မရှိတော့သည့်အတွက် ဖောက်သည်အရေအတွက်ကလည်း သိသိသာသာကျဆင်းလာသည်။
အခြားကျောင်းများ၏ကန်တင်းမှ သူဌေးများနှင့်ဝန်ထမ်းများအားလုံး စိတ်ဓာတ်ကျနေချိန်တွင် ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းကမူ အင်အားကြီးထွားလာခဲ့သည်။ ထို့ကြောင့် မကြာသေးမီကပင် ကျောင်းသားများအား ကန်တင်းတွင်ပြန်လည်စားသောက်ကြရန်အတွက် တောင်းဆိုထားသည့် ဆိုင်းဘုတ်များနှင့်ကြော်ငြာများကို ကန်တင်းများတွင်လွှင့်ထူလာခဲ့ကြသည်။ ထိုဓာတ်ပုံများကို ဖိုရမ်ပေါ်မှာလည်းတင်ထားလေသည်။
ဓာတ်ပုံရိုက်ပြီးနောက် တက္ကသိုလ်ကျောင်းသားများက ကျောင်းအသီးသီး၏ရှိ ဆိုင်းဘုတ်များကို တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ကြသည်။ ဤဆိုင်းဘုတ်စာတန်းများထဲမှ အထောက်အပံ့ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ စျေးသက်သာသော ကန်တင်းအစားအသောက်နှင့် သူတို့အသုံးပြုထားသော သန့်ရှင်းသည့်ပါဝင်ပစ္စည်းများသာဖြစ်သည်။ တခြားဘာမှမရှိချေ။