Arc 2 Ch 39

495 70 1
                                    


🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 39
ပိုးသတ်ဆေးအမျိုးအစားများ (၂)

တိုင်လန်မှာ နော်သန်ဘာလန်တွင် သက်တမ်းအကြာဆုံး နေထိုင်ခဲ့သော မိသားစုမှ လယ်လုပ်သားတစ်ဦးဖြစ်သည်။ သူ့ဖခင်၏အဘိုးမှ ဘိုးဘေးများထိတိုင် ဤနေရာတွင် လယ်လုပ်ခဲ့ကာ သူ၏သားများမှာလည်း ဤအမွေကို ဆက်ခံ၍ ဘ၀တစ်လျှောက်လုံးလယ်လုပ်ကာ အသက်မွေးကြရမည် ဖြစ်သည်။

အမြဲတမ်း ထိုသို့ဖြစ်ခဲ့ခြင်းပင်။ သို့သော် ယနေ့တွင်မူ တိုင်လန်မှာ သူ့ဘ၀တစ်ခုလုံး တွင်းနက်ကြီးထဲ ကျသွားသည့်နှယ် ခံစားလိုက်ရသည်။

ယနေ့တွင် သူက သားများကိုခေါ်၍ သူ၏သက်ဆိုင်ရာ လယ်ကွက်ထံသွားစဥ် ဧရိယာတစ်ခုလုံး အင်းဆက်ပိုးကောင်များ အစုလိုက်အဖွဲ့ကျနေသည်ကို မြင်လိုက်ရတော့သည်။

သူ့တစ်ကိုယ်လုံး အေးစက်သွားပြီးနောက် သူ့သားများကို ထိုင်ချစေလျက် ပိုးကောင်များကို အမြန်လိုက်ဖမ်းစေခဲ့သည်။

အညိုဖျော့ရောင် ပိုးကောင်များမှာ အမှိုက်များနှင့် စွန့်ပစ် အညစ်အကြေးများထံမှ ထွက်လာကြခြင်းဖြစ်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ ကောက်ပင်များအပေါ် ဥများချကာ ကျူးကျော်ရန်ဖြစ်ပြီး ၄င်းတို့ တဖြည်းဖြည်း ကြီးထွားလာသည်နှင့် စိုက်ခင်းတစ်ခုလုံးကို ၀ါးမြိုဖျက်ဆီး ကြပေတော့မည်။

ထိုအင်းဆက်ပိုးတို့မှာ နွေဦး၏ မည်သည့်အချိန်တွင် စတင်ပေါက်ဖွားလာကြောင်း မသိနိုင်သော်လည်း ၄င်းတို့ရောက်လာသည်နှင့် ဂျုံနှင့် စားပင်များကို ကိုက်ဖြတ်တတ်ကြသည်။ စိုက်ခင်းတစ်ခုကုန်အောင် ၀ါးမြိုစားသောက်ပြီးသည်နှင့် နောက်တစ်ခုကို ကူးသွားမည်ဖြစ်ကာ သူတို့အား မည်သူကမှ ကြိုတင်ခန့်မှန်း၍ မရချေ။

"သတ်ပစ် အကုန်သတ်ပစ်…"
တိုင်လန်မှာ ပိုးကောင်များကို ဖမ်းယူလျက် လိုက်သတ်ပစ်နေပါသော်လည်း စိုက်ခင်းကြီးမှာ ကျယ်၀န်းလွန်းကာ သူတို့တွင် လူသုံးယောက် လက်ခြောက်ဖက်သာပါသည်ဖြစ်၍ လိုက်မမီနိုင်ပေ။

ဤပိုးကောင်များက သူတို့၏အထွက်နှုန်းကို ဆိုးဆိုးရွားရွား ဖျက်ဆီးပစ်လိမ့်မည်။ သို့ဆိုလျှင် သူ့လယ်ငှားခအကြွေးကို မည်သို့ပေးရပါမည် မသိတော့ပေ။ ထိုအတွေးတို့က သူ၏ခေါင်းထဲတွင် တ၀ဲ၀ဲလည်လျက် တိုင်လန်၏ ခြေလှမ်းတို့မှာ တဖြည်းဖြည်း လေးလံလာမိတော့သည်။

လယ်စိုက်ကြမယ်Where stories live. Discover now