🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 34
ဒီလူတွေက စိုက်ပျိုးရေးအကြောင်းကို တစ်စက်မှ နားမလည်ဘူးပဲ... (၁)စွေ့ချီချောင်းမှာ သုတေသနစင်တာမှ ကျွမ်းကျင်သူများ သုတေသနအဖွဲ့၀င်များနှင့်အတူ သူ၏ စမ်းသပ်စိုက်ခင်းများကို စစ်ဆေးခဲ့သည်။ သူတို့မှာ အထွက်နှုန်းနှင့် ပေါက်ရောက်ရှင်သန်နိုင်စွမ်းတို့ကိုပါ စမ်းသပ်ခဲ့လေသည်။
ရှင်သန်နိုင်စွမ်းက အထွက်နှုန်းထက်ပို၍ အရေးပါသည်ပင်။ သို့သော် CX-7၏အခြေအနေကမူ ကွဲပြားသည်။ စွေ့ချီချောင်း၏ စမ်းသပ်စိုက်ခင်းမှာ အလွန်ကောင်းမွန်သော ရိတ်သိမ်းမှု ရလဒ်ရှိကာ လူတိုင်းမှာ ထိုမျိုးစိတ်ကို အလားအလာကောင်းသည်ဟု ထင်မြင်နေကြသည်။ ထို့ကြောင့် ထိုစမ်းသပ်မှု နှစ်ခုအား တစ်ပြိုင်တည်းလုပ်လိုက်သည်က အချိန်ကုန်သက်သာလေသည်။
စမ်းသပ်စိုက်ခင်းမှ ၀န်ထမ်းများကသူတို့အား မိမိတို့နေ့စဥ်ကောက်ယူထားသော စစ်တမ်းများကို ပြလျက် သူတို့၏လေသံမှာ အလွန်ပင် ဂုဏ်ယူ၀မ်းမြောက်နေဟန်ဖြင့် ပြောလာသည်။
"ကူးစက်ပိုးတွေ ခုခံနှုန်းလည်းမြင့်တယ်…ဖြစ်ပွားနှုန်းလည်း နိမ့်တယ်လေ…"ရှင်သန်နိုင်စွမ်းကို စမ်းသပ်နေစဥ်တွင် ထိုအဖျက်ပိုးများကိုခုခံနိုင်စွမ်းကလည်း အပင်အား ကြိုတင်ကုသမထားပါမှ စစ်ဆေးနိုင်မည်ဖြစ်သည်။
ဤပျိုးပင်မျိုးသစ်များမှာ နန်ဟိုင်မြို့၏ သုတေသနအဖွဲ့၏နေရာတွင် စိုက်ပျိုးထားခဲ့သည်။ CX-7မှာ ဤနေရာ၌ အထွက်နှုန်း 4600 ကီလိုဂရမ်ခန့် ရိတ်သိမ်းခဲ့ရလေသည်။ ထို့နောက်တွင် အခြားစိုက်ပျိုးသည့်နေရာများမှ ရိတ်သိမ်းမှုရလဒ်ကို စောင့်ဆိုင်းပြီးနောက် ပျမ်းမျှအထွက်နှုန်းမှာ 4600 ကီလိုဂရမ်ခန့်ရှိကြောင်း သိလိုက်ရသည်။ ဤတိုးတက်မှုနှုန်းအား စကားတစ်ခွန်းဖြင့် ဖော်ပြရမည်ဆိုလျှင် တည်ငြိမ်သည်ဟုပင်။
"ဒီနှစ်က မိုးခေါင်နေတာလေ…"
ဤနှစ်၏ သီးနှံအထွက်နှုန်းမှာ ဆိုးရွားသော်လည်း CX-7မှာ ထိုမျှကောင်းမွန်သော ရလဒ်မျိုးရရှိနိုင်ခဲ့၍ ထိုအပင်များ၏ ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေနိုင်စွမ်း မည်မျှမြင့်ကြောင်း သိသာစေသည်။ ဒါရိုက်တာယန်မှာ အလွန်ချီးကျူး၍ မဆုံးတော့ချေ။