🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 54
နှိပ်စက်ခံရသော သူခိုးများ (၁)လိီလီ အလုပ်လုပ်ရန်အတွက် စံအိမ်ကိုရောက်ရှိပြီးနောက်တွင် အဆိုပါစံအိမ်မှာ သူမထင်မြင်ထားသည်နှင့် ကွဲပြားကြောင်း သိရှိလာခဲ့သည်။
ပထမဆုံးအနေဖြင့် ၄င်းမှာကျောက်တုံးများနှင့်ဆောက်လုပ်ထားခြင်းကြောင့် လယ်လုပ်သားများပြောသလို မနွေးလှချေ။ သို့နှင့် လိုက်ကာစများနေရာအနှံ့တွင် ချိတ်ဆွဲထားလျှင်ပင် စိုစွတ်ကာ အေးစက်နေဆဲဖြစ်သည်။ စားဖိုမှူးမှာ သူမ၏နေရာကို လိုက်ပြသရာတွင် နေရာအနှံ့ မိုးနှင့်နှင်းရည်တို့ ယိုစီးနေမှုကို တားရန်အတွက် ဖာထေးပြုပြင်နေကြသူများလည်းရှိသည်။ နယ်စား၏အခန်းမှာမူ ထင်းမီးများလုံလုံလောက်လောက်ရှိသဖြင့် ပို၍နွေးထွေးကာ သက်တောင့်သက်သာရှိလေသည်။
ဒုတိယအနေဖြင့် ဤနေရာမှာ လူတိုင်းပြောနေသကဲ့သို့ မရက်စက်လှချေ။ ယခင်က အစေခံများနှင့်ယှဥ်လျှင် လက်ရှိသူမမြင်တွေ့ရသော အစေခံများမှာ ပို၍ပျော်ရွှင်နေပုံပေါ်လေသည်။ ၄င်းမှာ နယ်စားအရှင်ကြောင့်မှန်း သိသာလှသည်။
"သူတို့က.. လယ်ပစ္စည်းတွေ လုပ်နေတာလား..."
လိီလီမှာထိုပစ္စည်းများကို မှတ်မိ၍ ၄င်းတို့အား အစေခံများက ပြုလုပ်ကြောင်း သိရလျှင် အံ့အားသင့်သွားမိလေသည်။"ဟုတ်တယ်လေ နယ်စားက အစေခံတွေကို လက်သမားတွေကတစ်ဆင့် လယ်ပစ္စည်းတွေလုပ်နည်းကို သင်ခိုင်းထားတာ… ဒီလိုဆိုရင် နွေဦးရာသီအတွက် ပစ္စည်းတွေ လုံလုံလောက်လောက်ရှိမှာပေါ့…"
စားဖိုမှူးမှာ ၄င်းအားမည်သည့် ထူးထူးခြားခြား ကိစ္စမှမဟုတ်ဟန်ပင် ဆိုလာသည်။
သူမ စံအိမ်တွင်နေသည်မှာ ကြာပြီဖြစ်သလို နယ်စား၏ ထူးထူးခြားခြားလုပ်ရပ်များကိုလည်း အလုံအလောက်မြင်ဖူးခဲ့ဖူးပြီဖြစ်၍ ထူးထွေကာ ခံစားမနေတော့ချေ။
ထောင့်ချိုးတစ်ခုကို ကွေ့လိုက်သည်နှင့် အခန်းတစ်ခုတွင်း၌ မီးဖိုအနီးတွင် စု၀ိုင်းကာထိုင်နေကြသော လူတစ်စုကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးမှာ အနွေးဓာတ်ကို အတူတကွခံယူနေကြခြင်းပင်။ လက်သမားဆရာများသာမက အစေခံများပါ အတူတကွ အေးအေးချမ်းချမ်းထိုင်နေခဲ့ကြသည်။