Arc 2 Ch 58

272 44 0
                                    

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 58
ရယ်ဒီမိတ် အစေခံများ (၁)

နော်သန်ဘာလန်၏ ကုန်ဖလှယ်ရေးအဖွဲ့တွင် စစ်သည် ၁၀ယောက်နှင့် နောက်လိုက်၂၀ကျော် ပါ၀င်လေသည်။ ခေါင်းဆောင်ဖြစ်သူမှာ ရေမွန်ဟုခေါ်ပြီး နယ်စားအရှင်အတွက် သူခိုးများကို ကျွန်အဖြစ်ဖမ်းခေါ်လာပေးမည်ဟု ကြွေးကျော်ခဲ့သူပင်။ ၄င်းကြောင့်ပင် သူကရာထူးတိုးမြှင့်ပေးခံရခြင်း ဖြစ်လေသည်။

ဤနည်းဖြင့် ဤတစ်ခေါက် ခရီးစဥ်တွင်သူက ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ရေမွန်မှာ ခေါင်းဆောင်ဖြစ်ရသည်ကို လွန်စွာဂုဏ်ယူမိသဖြင့် သူ့အဖွဲ့သားများကို အမြဲအားပေးကာ ဂရုစိုက်လေသည်။ ထို့နောက်တွင် ပထမဆုံးရပ်နားရာဖြစ်သော အက်ဘရုဇ်ဘာ့ကို အမြန်ရောက်ရှိရန် ဆော်သြလေသည်။

ထိုနယ်မြေ၏ နယ်စားဖြစ်သူကို သူတို့၀င်တွေ့ရမည်ဖြစ်သည်။ သို့သော် နယ်စားစံအိမ်သည်ကား နယ်မြေတစ်ခုလုံး၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာဖြစ်၍ သူစိမ်းများကို တော်ရုံ၀င်ခွင့်ပြုမည်မဟုတ်ချေ။

ဂျိုးဆက်၏ အပြောအရဆိုလျှင် သုံးမြှောင့်သီးပင်အများအပြားကို ဤနယ်မြေတွင် စိုက်ပျိုးကြသည်ဟုပင်။ ၄င်းမှာ အရှေ့တိုင်းမှလာသော ကောက်နှံပင်အမျိုးအစားဖြစ်ကာ နယ်စားဖြစ်သူကလည်း စိုက်ပျိုးရန် စိတ်အားထက်သန်နေသည်။ ဤအပင်အမျိုးအစားမှာ အအေးဒဏ်မခံလှဘဲ အပူချိန်  သုညဒီဂရီအောက် လျော့နည်းလာပါက မရှင်သန်နိုင်ချေ။

သို့သော် ၄င်းက သိပ်ပြဿနာကြီးမဟုတ်ချေ။ သူတို့တွင်ဤအပင်အား ဆောင်းတွင်း၌ စိုက်ပျိုးနိုင်မည့်နည်းရှိလေသည်။

ထိုသုံးမြှောင့်သီးပင်များမှာ အုတ်ဂျုံအမျိုးအစားနှင့်တူညီလေသည်။ ဂျိုးဆက်ပြောပုံအရဆိုလျှင် ၄င်း၏အထွက်နှုန်းက များများစားစားမရှိသော်လည်း ထိုအပင်မျိုးက အစိုဓါတ်ကိုကြိုက်ကြောင်း စွေ့ချီချောင်းကောင်းကောင်းသိလေသည်။

နော်သန်ဘာလန်မှာ ယခုချိန်၌ ရေသွင်းစိုက်ပျိုးနည်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့်အပြင် ထိုသုံးမြှောင့်သီးပင်များမှာ မြေသြဇာကိုလည်းလွန်စွာကြိုက်လေသည်။ မြေသြဇာထည့်လိုက်ရုံဖြင့် အသီးအပွင့်များ တစ်မဟုတ်ချင်း ထွက်လာသည်အထိဖြစ်သည်။
သို့နှင့်နော်သန်ဘာလန်မှာ စိုက်ပျိုးရန်အသင့်တော်ဆုံး မြေလည်းဖြစ်လေသည်။

လယ်စိုက်ကြမယ်Where stories live. Discover now