အပိုင်း (၈)

3.9K 159 22
                                    

{Unicode}

... Shhhhhhh pull your boxer to the side and get your ass to the bed...

****

Warning: Mature Cringe scene(+), make your own risks.

ယခင်အပိုင်းမှ အဆက်...

"17 age gap က ငါ့အပေါ် တက်ခွလို့ ငရဲမကြီးဘူး။ ထိုင်ပြီးတော့ ကိုးကွယ်လိုက် ဆိုတာ.. လက်အုပ်ချီခိုင်းတာ မဟုတ်ဘူး... မင်းကို-
ဒါနဲ့... တစ်ခုပြောမယ်... ဒီနေကနေ ဘယ်သူမှ ပြန်ထွက်သွားနိုင်တာမျိုး မရှိဘူး...။"

ဟင်...
ထိုစကားတစ်ခွန်းမှာတော့ ကျွန်တော် ငြိတွယ် ဘယ်လိုဖြေရှင်းရမှန်း မသိတော့...။ သူက တကယ်ကြီးကို အမှတ်အတိုင်း အဟုတ်လုပ်မည့်အသွင်ဖြင့်...

ဒီလောက် လျှို့ဝှက်နေသည့် ဒီနေရာက ဟုတ်သည်... သူကိုယ်တိုင် သိုဝှက်ထားချင်ပြီး တစ်ယောက်မှ ပြန်မထွက်နိုင်သည့် သူ့ရဲ့ အသိုက် ဖြစ်ပုံရသည်။

"ငြိတွယ်... တောင်းပန်ပါတယ်...။ ငြိတွယ် ပြန်မှ ဖြစ်မယ်။ ငြိတွယ်ကို ပြန်လွှတ်ပေးပါနော်။ ငြိတွယ် တောင်းပန်ပါတယ်...။ ငြိတွယ် မရှိရင် အိမ်က ငြိတွယ်ကို မျှော်နေမှာမို့ပါ။ တောင်းပန်ပါတယ်။"

"မင်း အိမ်က မင်းကို ဘယ်သူက စောင့်နေမှာလဲ? မင်းကို ဘယ်လိုသဘောထားမှန်း မသိတဲ့ ဟိုမွေးစားသားလား?"

သူက ကျွန်တော့်အကြောင်းပါ သေချာသိနေသလို ရှိနေချိန်မှာတော့ မျက်မှောင်တို့ကို ကျုံ့လိုက်မိသည်။ သူက ဘယ်လို သိနေတာမျိုးလဲ?

ကျွန်တော့်မှာတော့ မေးခွန်းတွေ သေချာမထုတ်နိုင်သေးခင်မှာပင်....

"သွား... သန့်ရှင်းရေး သွားလုပ်တော့..."

ကျွန်တော်လည်း စားပြီးပြီး အတော်ကြာ ငြိမ်နေတာမို့ သူ့ရေချိုးခန်းထဲမှာပင် ကျွန်တော့်ကို သေချာသန့်ရှင်းရေး လုပ်ခိုင်းသည်။ ကျွန်တော့်မှာတော့ ဘာကို ဘယ်လို လုပ်ရမှန်း မသိတော့... သူနဲ့က တကယ်ကို ပြေးပေါက်မှားနေတာမျိုးပင်။

မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော် ရေချိုးပြီးသည်နှင့် အခန်းထဲမှ ထွက်လာမိတော့သည်။ သူကတော့ အပြင်က ထိုင်ခုံတစ်ခုပေါ်မှာပင် ရှိနေသည်။ သူ့လက်မှ အရက်ခွက်နှင့် စီးကရက်တစ်လိပ်ကို ဖွာရှိုက်သောက်နေသည်။

Being captured by Green..Donde viven las historias. Descúbrelo ahora