{Unicode}
... That's my Daddy's Boy...
****
ယခင်အပိုင်းမှ အဆက်...
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျ... ။ ကျောင်းတက်တော့မှာမို့ အလျင်လိုနေလို့... သွားခွင့်ပြုပါဗျ...။"
လက်အုပ်ကို ချီကာ တောင်းပန်ပြီးသည်နှင့် ကားပြတင်းမှ ထွက်ခွာသွားသည့် ပုံရိပ်တစ်ခု...။
"ရုပ်ကလေးကို ကြည့်... ရာဇာ...
တစ်ချက်ဆောင့်... အသက်ပျောက်မယ့်ဟာလေး...။"ရာဇာ မောင်းနေသည့် ကားsteering wheelကို တစ်ချက် ဆွဲထိန်းကာ လမ်းဘေးသို့ ချရပ်လိုက်မိသည်...။
ကားက အရှိန်ပါနေသည်မို့ တစ်ချက်ဆွဲလှည့်အပြီးမှာပဲ လမ်းဘေးတစ်နေရာမှာ ဟန်ချက်ပျက်ကာ ရပ်တန့်သွားလေပြီ...။
ဆရာက သူ့စိတ်ထဲကအတိုင်း လုပ်ဆောင်ပြီးသည့်နောက်မှာတော့ နှစ်ယောက်လုံးက အဆင်မပြေ...။ ဆရာကတော့ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးသည့် နောက်... ကားတံခါးကို ဖွင့်ကာ အလောတကြီး ဆင်းသွားလေပြီ...။
"ဆရာ...
ဆရာ..."စကားနှစ်ခွန်းမျှသာ ခေါ်ရသေးသည်... ဆရာကတော့ သူ့လက်ကို ကာပြကာ အစောနက တစ်စုံတစ်ယောက် ဝင်သွားသည့် ကျောင်းထဲသို့....။
"5-minute"
BTHM University ...
ဒီကျောင်းက travel & tour အပိုင်းကို အဓိက သင်ယူရသည့် ကျောင်းတစ်ခုဖြစ်သည်...။ ကျောင်းထဲသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းလာမိသည်...။
အစောနက တွေ့ခဲ့သည့် မျက်ဝန်းစိမ်းများနှင့်တစ်စုံတစ်ယောက်ကို လိုက်ရှာနေမိသည်...။ ဒီနေ့က welcome နေမို့ ပွဲကျင်းပရာ နေရာမှာပဲ ရှိနေမလား?
အတွေးဖြင့် နေရာစုံအောင် အနည်းငယ် လိုက်ကြည့်ခဲ့ပေမယ့် မတွေ့သည့် အဆုံးမှာတော့ ပွဲကျင်းပရာ လေးထပ်ဆောင်ရှေ့ ရပ်နေလိုက်ပြီး... စဥ်းစားမိလိုက်သည်က...
ကျောင်းတစ်ကျောင်းလုံးကို မြေလှန်ပစ်ဖို့...။ ဒါမှမဟုတ်... ကျောင်းသားရေးရာက ကျောင်းတက်သည့် ကျောင်းသားစာရင်းကို ကြည့်ပြီး လိုက်ရှာရမလား မသိတော့...။
