{Unicode}
... မထိသင့်တဲ့ သူကို
ထိတဲ့ သင်ခန်းစာ...****
ယခင်အပိုင်းမှ အဆက်...
အပြန်လမ်း...
စားသောက်ဆိုင်မှ ထွက်ပြီး အပြန်လမ်းမှာတော့ ငြိတွယ်လည်း စိတ်ထဲ မတင်မကျ ရှိနေမိသည်။ထိုနည်းတူ ကိုကိုကလည်း အနည်းငယ် စိုးထိတ်နေဟန်ဖြင့် ဆိုင်ကယ်ကို အတင်းမောင်းနှင်လာသည်။
"ငြိတွယ်..."
"ဟုတ် ကိုကို..."
"ဘာကိစ္စပဲ ဖြစ်လာလာ... ငါ့ကို ထားခဲ့ပြီး တစ်ယောက်တည်း ထားခဲ့။"
"မဟုတ်သေးပါဘူး... ကိုကို။ ဘာတွေ ပြောနေတာလဲ? ငြိတွယ်တို့က အခုအဆင်ပြေနေခဲ့ပြီပဲလေ...။ မျက်စိရှေ့တင်ပဲ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပဲ မလား?"
ကိုကို့ကို အနည်းငယ် နှစ်သိမ့်သည့် အနေဖြင့် ပြောခဲ့ပေမယ့် တကယ်လဲ ငြိတွယ် ကြောက်နေခဲ့မိသည်။ သူက ...
သူ့လို အရာရာကို သိနေသည့် သူ... တစ်ကွက်ကြိုမြင်သည့် သူက ဘယ်လိုဖြစ်ပြီး...ဒါကြီးက အရမ်းကို လွယ်လွန်းနေသလို ခံစားနေမိသည်။ ကိုကိုကတော့ သတိကြီးကြီး ထားနေဟန် ရှိပြီး...
"ဘာကိုမှ မတွေးဘဲ... မေမေတို့ကို ဂရုစိုက်ပေးပါ။ သူ့ပုံစံကို ကိုကို သိတယ် ငြိတွယ်... သူက သိပ်ကို ရက်စက်တဲ့သူ။ ဒီပွဲက သူမသေရင် တစ်ဖက်က သေရမှာပဲ...။ ရုံးမှာ သူ့အကြောင်း တစ်စွန်းတစ ကြားရင်တောင် တစ်သက်လုံး နလန်မထူနိုင်အောင် လုပ်တာ... ငြိတွယ်။ ဒါကြောင့် သူက ကြောက်ဖို့ ကောင်းတယ်..."
ကိုကို့ရဲ့ စကားနောက်မှာတော့ ငြိတွယ်တို့ အရာရာကို သတိထားနေမိသည်။ ငြိတွယ်တို့ကို နောက်ဆုံးကြည့်သွားသည့် သူ့အကြည့်က အနည်းငယ်မျှ ခံပြင်း ဒေါသထွက်နေပုံ မပေါ်ခဲ့။
ဒါကပင် ကြောက်စရာအကောင်းဆုံး အရာ....
တစ်ဖက်မှာတော့...
စားသောက်ဆိုင်မှာ ကိုယ့်ကို ဝိုင်းကာ လူအုပ်များများဖြင့် လာဖမ်းတာမျိုး...။ ထင်သည့်အတိုင်း ဖြစ်ခဲ့တာမို့ အရမ်းတော့ ထူးဆန်းမနေမိခဲ့...
ŞİMDİ OKUDUĞUN
Being captured by Green..
Rastgeleအစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant